မေ - ၆ ( ဗုဒ္ဓဟူးနေ့ )
အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) မှ ဖူဂျေရာရေနံမြေက ရေနံတွင်းတွေကို အီရန်နိုင်ငံက ဒရုန်းဖြင့် တိုက်ခိုက်မှုကို အိန္ဒိယက လက်မခံနိုင်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံသား သုံးဦး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ အီရန်ရဲ့ ယူအေအီးအပေါ် တိုက်ခိုက်မှုအား အိန္ဒိယနိုင်ငံအနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဝန်ကြီးချုပ် မိုဒီ က ၎င်းရဲ့အိတ်စ်မီဒီယာ အကောင့်မှာ မနေ့က ရေးတင်ခဲ့ပါတယ်။ “အရပ်သားတွေနဲ့ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားနေတာတွေကို လက်ခံနိုင်ဖွယ်မရှိဘူး”လို့ ဆိုပါတယ်။
အီရန်ရဲ့ အဆိုပါ တိုက်ခိုက်မှုကြောင့် ဖူဂျေရာ ရေနံမြေမှာ "မီးလောင်မှုကြီး" ဖြစ်ပွားခဲ့ကြောင်း အီမရိတ်မီဒီယာရုံးက ထုတ်ပြန်ခဲ့ပါတယ်။ ယူအေအီးအာဏာပိုင်များရဲ့ အဆိုအရ အဆိုပါ တိုက်ခိုက်မှုတွင် ဒဏ်ရာရရှိခဲ့တဲ့ အိန္ဒိယ နိုင်ငံသား အနည်းငယ်ကို ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။
အိန္ဒိယသည် ယူအေအီး နဲ့ “ခိုင်မာတဲ့စည်းလုံးညီညွတ်မှု”ရှိနေပြီး ပြဿနာအားလုံးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် “တွေ့ဆုံဆွေးနွေးရေးနှင့် သံတမန်ရေးအရ” ကနေ ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက "အခုလို ရန်လိုမှုများကို ချက်ချင်းရပ်တန့်ရန်နဲ့ အရပ်သား အခြေခံအဆောက်အအုံများနှင့် အပြစ်မဲ့ အရပ်သားများကို ပစ်မှတ်ထားခြင်းမလုပ်ဖို့" တောင်းဆိုခဲ့သည်။
ဧပြီလ ၈ ရက်နေ့က အပစ်အခတ်ရပ်စဲကြောင်း ကြေညာပြီးနောက်ပိုင်း ပထမဆုံး တိုက်ခိုက်မှုဖြစ်ကြောင်း ယူအေအီး က ပြောပါတယ်။ ယူအေအီး ကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ အစောပိုင်းတွင် အီရန် ခရုဇ်ဒုံးကျည် ၃ စင်းအား ရေပိုင်နက်ပေါ်မှ အောင်မြင်စွာ ပစ်ချခဲ့ကြောင်း ဆိုပါတယ်။
အီရန်အရာရှိများကတော့ ယူအေအီးကို ပစ်မှတ်ထားရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment