ထရမ့်ကြောင့် အနောက်အုပ်စုထဲမှာ သဘောထားကွဲလွဲမှုတွေများလာနေပြီလို့ ယူကေဝန်ကြီးချုပ်ပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်ကြောင့် အနောက်အုပ်စုထဲမှာ သဘောထားကွဲလွဲမှုတွေများလာနေပြီလို့ ယူကေဝန်ကြီးချုပ်ပြောပြီ


မေ - ၆ ( ဗုဒ္ဓဟူးနေ့ ) 

အီရန်ကိုတိုက်ဖို့အတွက် အနောက်ဥရောပနိုင်ငံတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အကြိမ်ကြိမ် နှိုးဆော်ခဲ့ပြီးနောက်မှာတော့ အနောက်အုပ်စုများအတွင်း ဆက်ဆံရေး ပိုမိုတင်းမာလာကြောင်း ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာ က ဝန်ခံပြောကြားခဲ့ပါတယ်။ 

တနင်္လာနေ့က အာမေးနီးယားနိုင်ငံ ယီရီဗန်မြို့မှာ ကျင်းပတဲ့ ဥရောပနိုင်ငံရေးအသိုက်အဝန်း (EPC) ထိပ်သီးအစည်းအဝေးမှာ စတာမာ က "ဥရောပမဟာမိတ်အဖွဲ့တွေအတွင်းမှာ ဖြစ်သင့်တာထက် တင်းမာမှုတွေ ပိုများနေပါတယ်။ ကျနော်တို့က အုပ်စုဖွဲ့ပြီး ကျနော်တို့ရဲ့ အခက်အခဲပြဿနာတွေကို ရင်ဆိုင်ဖို့ ဖြစ်စေပါတယ်။  ဒါက အရမ်းကိုအရေးကြီးတဲ့ ကိစ္စပါ” လို့ပြောသွားပါတယ်။ 

စတာမာက ဥရောပနိုင်ငံတွေကြား သဘောထားကွဲလွဲမှုများ ကြီးထွားလာရခြင်း၏ အကြောင်းရင်းကို မဖော်ပြပေမဲ့ အမေရိကန်ရဲ့ ဆက်ဆံရေးက ဥ‌ရောပနိုင်ငံတွေကို စိတ်အချဉ်ပေါက်စေကြောင်း ပြောသွားပါတယ်။ 

မတ်လအစောပိုင်းက ထရမ့်သည် ဗြိတိန် - အမေရိကန် ဆက်ဆံရေး က ဘာမှထူးထူးခြားခြား မရှိဘူးပြောခဲ့ပြီး အီရန်စစ်ပွဲမှာ ဗြိတိန်မပါဝင်မှုက ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီ ရဲ့ အမေရိကန်အပေါ်သစ္စာဖောက်မှု နဲ့ လက်ရှိ ဝန်ကြီးချုပ် စတာမာတို့က အတူတူပဲလို့ တံဆိပ်တပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြီးခဲ့တဲ့ဇန်နဝါရီလအတွင်းမှာ စတာမာက တရုတ်နိုင်ငံကို သွားပြီး ၂ နိုင်ငံကုန်သွယ်ရေး သဘောတူစာချုပ်တွေ ချုပ်ခဲ့လို့ပဲ ဖြစ်ပါတယ်။ 

စတာမာကတော့ အမေရိကန်တွေ အီရန်နိုင်ငံအပေါ်ပြုလုပ်တဲ့ စစ်ပွဲကြောင့် လောင်စာဈေးတွေနဲ့ ကုန်ဈေးနှုန်တွေ တက်လာရခြင်းအပေါ် စိတ်ပျက်မိကြောင်း ပြောသွားပါတယ်။ တင်းမာမှုများရှိနေပေမဲ့ စတာမာက နေတိုးအဖွဲ့ အတွင်း စစ်ရေးအသုံးစရိတ်ကို တိုးမြှင့်ရန် ဥရောပမိတ်ဖက်များအား တိုက်တွန်းခဲ့ပါတယ်။ ယူကေ က ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်အားလုံးတွင် အမေရိကန်နှင့် အလွန်နီးကပ်စွာ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းကိုလည်း ပြောပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)