ဒီဇယ်ဈေးတွေ မဟားဒယားတက်သွားလို့ အင်ဒို ငါးဖမ်းလုပ်ငန်းက ရပ်လုနီးနီးဖြစ်သွားပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒီဇယ်ဈေးတွေ မဟားဒယားတက်သွားလို့ အင်ဒို ငါးဖမ်းလုပ်ငန်းက ရပ်လုနီးနီးဖြစ်သွားပြီ


မေ - ၁၃ ( ဗုဒ္ဓဟူးနေ့ ) 

အမေရိကန်နဲ့အစ္စရေးက အီရန်နိုင်ငံကို စစ်ပွဲဆင်နွဲလိုက်ခြင်းကြောင့် ဟော်မုဇ်ရေလက်ကြား ပိတ်လိုက်သလိုဖြစ်သွားပြီး စွမ်းအင်ထောက်ပံ့မှု ပြတ်တောက်ကာ ကမ္ဘာ့ရေနံစျေးနှုန်းများ မြင့်တက်လာခြင်းက အင်ဒိုနီးရှား ငါးဖမ်းသမားများအတွက် ဒီဇယ်ဆီဈေး နှစ်ဆနီးပါး မြင့်တက်သွားပါတယ်။ အဲ့ဒိလှုတ်ခတ်မှုကြောင့် ငါးဖမ်းသင်္ဘောအများအပြားက ဆိပ်ကမ်းတွင် ရပ်နားထားလိုက်ရပါတယ်။ 

လောင်စာဆီဈေးများ မြင့်တက်လာမှုကြောင့် ငါးဖမ်းသင်္ဘောအများအပြား ဆိပ်ကမ်းတွင် သောင်တင်နေခဲ့ရပြီး အီရန်စစ်ပွဲ၏ သက်ရောက်မှုက ကီလိုမီတာထောင်ပေါင်းများစွာ အကွာအဝေးတွင်ရှိတဲ့ အင်ဒိုနီးရှားတွင် ယခုအခါ ခံစားနေကြရပါပြီ။  ဂျကာတာရှိ တံငါသည်များက သင်္ဘောများ လည်ပတ်ရန် မတတ်နိုင်တော့ကြောင်း အင်္ဂါနေ့တွင် ပြောကြားခဲ့ပါတယ်။ ပုံမှန်အားဖြင့် ပင်လယ်ပြင်တွင် ရက်သတ္တပတ်များ အချိန်ကုန်ဆုံးလေ့ရှိတဲ့ ကမ်းဝေး ငါးဖမ်းသင်္ဘောများက ယခုအခါ ဆိပ်ကမ်းမှာ လပေါင်းများစွာ ဆိုက်ကပ်ထားရဆဲဖြစ်ပြီး သင်္ဘောသားများရဲ့ အဓိက ၀င်ငွေရင်းမြစ် ဆုံးရှုံးနေပါတယ်။  

ငါးဖမ်းသမားများက လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်ကို အရင်းကျေစေရန်အတွက် အနည်းဆုံး ရူပီယာ သန်း ၇၀၀ (ဒေါ်လာ ၄၀၀၀၀) တန် ပြည်ကြီးငါးဖမ်းရန် လိုအပ်နေပြီလို့ ဆိုလာပါတယ်။ ကမ်းနီးငါးဖမ်း လှေငယ်များ အတွက် ဒီဇယ်ထောက်ပံ့မှုမှာပင် ရှားပါးလာပြီး ဈေးနှုန်းနှစ်ဆနီးပါး တက်လာတာကြောင့် ငါးဖမ်းလုပ်ငန်းက ရပ်ရမလိုတောင် ဖြစ်နေတယ်လို့ သင်္ဘောသားများက ဆက်လက်ပြောပါတယ်။ 

ရာနှင့်ချီသော တံငါသည်များက ယခုလအစောပိုင်းက ဂျာဗားမြို့လယ်မှာ ဒီဇယ်ဈေးလျှော့ပေးရန် တောင်းဆို ဆန္ဒပြခဲ့ကြောင်း မီဒီယာများရဲ့ ဖော်ပြချက်အရ သိရပါတယ်။ လောင်စာဆီ ကုန်ကျစရိတ် မြင့်တက်လာခြင်းက ငါးဈေးကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး ငွေကြေးဖောင်းပွမှုကို တွန်းအားပေးနိုင်ကြောင်း အုပ်ချုပ်ရေးမှူး အာမက်လူဖီက သတိပေးခဲ့ပါတယ်။ 

လောင်စာအကျပ်အတည်းကို တုံ့ပြန်တဲ့အနေဖြင့် အင်ဒိုနီးရှားသမ္မတ ပရာဘိုဝီ ဆူဗြန်တို က ပြီးခဲ့သည့်လမှာ ရုရှားသမ္မတ ဗလာဒီမာပူတင် နဲ့ ဆွေးနွေးရန်အတွက် မော်စကိုသို့ သွားရောက်ခဲ့ပြီး ရုရှားရေနံစည်သန်းပေါင်း ၁၅၀ အထိ လျှော့စျေးဖြင့် ရောင်းပေးဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ စွမ်းအင်ဝန်ကြီး ကတော့ ရုရှားရေနံ ပထမဆုံး တင်ပို့မှုက တစ်ပတ်မှ နှစ်ပတ်အတွင်း ရောက်ရှိလာနိုင်ကြောင်း တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။ 


REF: RT

#News #MNP

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)