မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ဆေးကုသခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပြည်သူများအား ဆေးကုသခြင်း လုပ်ငန်းများအား ကွင်းဆင်း ဆောင်ရွက်ပေး






မြောက်ဥက္ကလာပ၊ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနမှ ၊ ကုသရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဦးဆောင်သော အထူးကုဆရာဝန်ကြီးများပါဝင် သောအထူးကု ဆေးအဖွဲ့များသည် မြောက်ဥက္ကလာပ မြို့နယ် ပြည်သူကျန်းမာရေးဦးစီးဌာန နှင့်အတူ ပြည်သူများအား ယနေ့ နံနက်ပိုင်းက (ဌ)ရပ်ကွက်၊ သစ္စာပန်းလမ်း၊ နိဗ္ဗာန်အောင်ဓမ္မရုံ၌ ကွင်းဆင်းကာ ဆေးကုသခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။ 

ထိုသို့ ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်ပေးမှု ရက် ၁၀၀ စီမံချက်အရ မြောက်ဥက္ကလာပအထွေထွေရောဂါကုဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ပါမောက္ခ  ဒေါက်တာကျော်သူရ ဦးဆောင်သောအထူးကွင်းဆင်းကုသရေးအဖွဲ့မှ အထူးကုဆရာဝန်များက (ဌ) ရပ်ကွက်နှင့် အနီးတစ်ဝိုက်ရှိ မိဘပြည်သူများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ရာတွင် အထွေထွေရောဂါလူနာ ( ၂၈၃) ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာလူနာ (၈၀) ဦး၊ အရေပြားဆိုင်ရာလူနာ (၃၄) ဦး၊ မျက်စိရောဂါလူနာ ( ၁၇၃ )ဦး၊ သွားနှင့်ခံတွင်းရောဂါလူနာ(၄၃)ဦး စုစုပေါင်းလူနာ (၆၁၃)ဦးကို စစ်ဆေးကုသပေးခဲ့ပြီး သွေးအမျိုးအစားခွဲခြားမှု (၈၂) ဦး၊ ဆီးချိုသွေးချိုဖောက်စစ်ဆေးမှု (၁၇၅)ဦး၊ နှလုံး ECG ဆွဲသူ ( ၄၂ ) ဦး ၊ ဆေးရုံကြီးသို့ညွှန်းပို့လူနာ သွား (၄)ဦး၊ အထွေထွေ (၃) ဦး၊ မျက်စိ (၄၂) ဦး၊ (အတွင်းတိမ် ခွဲစိတ်ရန်) စုစုပေါင်း ညွှန်းပို့လူနာ - (၄၉) ဦး တွေ့ရှိလုပ်ဆောင်ပေးခဲ့ပြီး လိုအပ်သော ဆေးဝါးများ အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆေးကုသမှုလာရောက် ခံယူကြသည့် ပြည်သူများအား ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးနေလင်း အောင်၊ တိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ် ဝင်းဝင်းအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့ဝင်များ နှင့်အတူ ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အား ပေးစကား ပြောကြားကာ အထူးကုဆရာဝန်ကြီးများက ရောဂါများအလိုက် ဆေးကုသပေးနေမှုကို လိုက်လံကြည့်ရှုကြပြီး  လိုအပ်သည်များကို ဖြည့်စည်း ဆောက်ရွက်ပေးခဲ့ကြကြောင်း သိရသည်။


သက်လွင်စိုး 

#MNP #News


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)