မေ - ၂၆ ( အင်္ဂါနေ့ )
နိုင်ငံရေးအုပ်စုကွဲပြားမှုများ နဲ့ ဘဏ္ဍာရေးဆိုင်ရာဖိအားများကြောင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းမှုထိန်းသိမ်းရေး လုပ်ငန်းများ သိသိသာသာ လျော့နည်းကျဆင်းလာခဲ့ပြီးနောက် နောက်ထပ် ပဋိပက္ခများ ဖြစ်ပွားနိုင်ခြေကို ပိုမိုမြင့်တက်စေကြောင်း စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာန (SIPRI) ရဲ့ အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားပါတယ်။
SIPRI ရဲ့ မနေ့က ထုတ်ပြန်ချက်အရ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ နိုင်ငံတကာ ငြိမ်းချမ်းရေးထိန်းသိမ်းရေး စစ်ဆင်ရေးများတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံတကာဝန်ထမ်း စုစုပေါင်း ၇၈,၆၃၃ ဦးသာ ရှိခဲ့ကြောင်းနဲ့ ၂၀၀၀ ပြည့်နှစ်ကနေစပြီး မှတ်တမ်းတင်ထားတဲ့အထဲမှာ အနိမ့်ဆုံးအရေအတွက်ဖြစ်ပြီး၊ ၂၀၁၆ ခုနှစ်က ရှိခဲ့တဲ့ အဆင့်နှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း လျော့နည်းသွားခြင်း ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ၏ ဖြန့်ကျက်ချထားမှု က တစ်နှစ်ထက်တစ်နှစ် ၁၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ် အတွင်း အပြင်းထန်ဆုံး နှစ်စဉ်ကျဆင်းမှု ဖြစ်ကြောင်း SIPRI က ပြောကြားခဲ့ပါတယ်။
SIPRI ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပဋိပက္ခ စီမံထိန်းသိမ်းရေးပရိုဂမ်ဌာနရဲ့ ညွှန်ကြားရေးမှူး ဂျားဗန်ဒါလီဂျန် က "အခြေအနေတွေဟာ အခုလိုပဲ ဆက်လက်ဖြစ်ပေါ်နေမယ်ဆိုရင်၊ ဘဏ္ဍာရေး၊ နိုင်ငံရေးနဲ့ နိုင်ငံတကာအာဏာရေးဆိုင်ရာ အကြောင်းအချက်တွေ ပေါင်းစပ်ပြီး ပြင်းထန်စွာ သက်ရောက်လာမှုကြောင့် ပဋိပက္ခတွေကို နိုင်ငံပေါင်းစုံ ပူးပေါင်းစီမံခန့်ခွဲတဲ့ လုပ်ငန်းစဉ်တွေ အလွန်အားနည်းသွားနိုင်ပြီး၊ ကုလသမဂ္ဂလို အဖွဲ့အစည်းတွေဟာလည်း လုံးဝနီးပါး ဘေးဖယ်ထားခံရတဲ့ အခြေအနေကို တွေ့မြင်ရနိုင်ပါတယ်။ "အကျိုးဆက်အနေနဲ့ ပဋိပက္ခတွေ ပိုမိုများပြားလာနိုင်ပြီး၊ အရပ်သားပြည်သူတွေအပေါ် ကျရောက်မယ့် သက်ရောက်မှုတွေကလည်း ယခုထက် ပိုမိုပြင်းထန်ဆိုးရွားလာနိုင်တယ်" "လို့ ပြောသွားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment