ကျိုက်ထို၊ မေ ၂၆
မွန်ပြည်နယ်၊ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ်အခြေခံပညာဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း(ရာပြည့်ခန်းမ)၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူလေးများက "ကျောင်းအပ်ကြစို့"သီချင်းဖြင့် သီဆိုဖျော်ဖြေ၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့်ကျိုက်ထိုခရိုင်ပညာရေးမှူးတာဝန်ခံ ဦးအောင်မြင့်ကျော်တို့က မြို့နယ်လုံးကျွတ်ကျောင်းအပ်နှံရေးနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အခမ်းအနားကိုကျင်းပရာ မြို့နယ်ပညာရေးမှူး ဦးမောင်ညိုက ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသားလက်ခံရေး၊ အခမဲ့ပစ္စည်းဖြန့်ဝေရေးနှင့် ပညာရေးရှေးလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံတော်က ပေးအပ်သော အခမဲ့ပစ္စည်းများကို တာဝန်ရှိသူများကပေးအပ်ခဲ့သည်။ထို့နောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ "ပန်းများဝေစီပွင့်နေပြီ"သီချင်းဖြင့် သီဆိုခဲ့ကြသည်။
အဆိုပါအခမ်းအနားကို အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးစိုးမင်းစမ်း၊ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ/ဆရာမများ တက်ရောက်ခဲ့ကြောင်းသိရသည်။
ပြည့်ဖြိုး
#MNP #News





No comments:
Post a Comment