ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်‌ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်‌ရောက်



မြစ်ကြီးနား  ၊ မေ ၂၄

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေးနှင့် ကျောင်းအပ်နှံ‌ရေးနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။ပြည်နယ်ဝန်ကြီးက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးသည် အရေးကြီးဆုံးကဏ္ဍတစ်ခုဖြစ်ပြီး ၎င်းကဏ္ဍမှာ ပညာရေးကဏ္ဍသည် အဓိကအကျဆုံးဖြစ်သည့်အတွက် အလေးအနက်ထားစေလို‌ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက် နိုင်‌ရေးအားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း သို့ဖြစ်ပါ၍ ခရိုင်/ မြို့နယ်များအလိုက် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူမှုအခြေအနေ၊ ကျောင်းဖွင့်လှစ်နိုင်မည့်အခြေအနေများကို အစည်းအဝေးသို့ တက်ရောက်လာသူများမှ ဆွေးနွေးတင်ပြကြရန် တိုက်တွန်းပြောကြားသည်။ထို့နောက် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်ဆောင်ပုဒ်မှာ “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဖြစ်ပါကြောင်း ကျောင်းနေအရွယ် ကလေးများ အားလုံးအခြေခံပညာသင်ယူခွင့်ရရန်၊ မည်သည့်ခွဲခြားဆက်ဆံမှုမျှမရှိစေဘဲ ကလေးအားလုံး အချိန်မီကျောင်းရောက်ရန်၊ ကလေးများ ကျောင်းနေပျော်ပြီး စာတော်ရန်နှင့် သင်ယူမှုပတ်ဝန်းကျင်ကောင်းများ ဖန်တီးပေးနိုင်ရန် အထူးလိုအပ်ကြောင်း ဆွေးနွေးပြောကြားသည်။ဆက်လက်ပြီး ပြည်နယ်ပညာရေးမှူးဦးနိုင်ဝင်းအောင်က ပြည်နယ်အတွင်း ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ ကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိ မှုအခြေအနေနှင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြပြီး၊ အစည်းအဝေးသို့တက်ရောက်လာကြသော ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌများက မိမိတို့ခရိုင်အလိုက် ကွင်းဆင်းစာရင်း ကောက်ယူမှုအခြေအနေ၊ ကောက်ယူမှုစာရင်းနှင့် ကျောင်းများဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ထားရှိမှုနှင့် ကျောင်းအပ်နှံရေးနေ့အတွက် စီမံဆောင်ရွက်ထားရှိမှုများအား ဆွေးနွေးတင်ပြရာ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက “နိုင်ငံတော်စဥ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆိုသည့် ဆောင်ပုဒ်နှင့်အညီ ကျောင်းနေအရွယ်က‌လေးများ ပညာသင်ယူမှု အခွင့်အလမ်းမဆုံးရှုံးစေရန်အားလုံး ဟန်ချက်ညီညီ ပူးပေါင်းလက်တွဲဆောင်ရွက်သွားကြရန် နိဂုံးချုပ်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)