နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရ


နေပြည်တော်၊ မေ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် က နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း ပြောကြားသည်။

နိုင်ငံတော်သမ္မတ က မြေအသုံးချမှုနှင့်ပတ်သက်၍ လယ်ယာမြေဥပဒေ၊ မြေလွတ်မြေရိုင်းနှင့်ပတ်သက်သည့် ဥပဒေများကို ပြဋ္ဌာန်းထားရှိပြီးဖြစ်ပြီး သတ်မှတ်ပေးထားသည့် ခွင့်ပြုချက်များနှင့်အညီသာ ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတော်တွင် ပြဋ္ဌာန်းပေးထားသည့် ဥပဒေများနှင့်အညီ ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်းများမရှိသဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့ရလျက်ရှိကြောင်း၊ ထို့ကြောင့် ထုတ်ပြန်ထားသည့်ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကိုသိရှိကြရန်၊ လိုက်နာကြရန် လိုအပ်မည်ဖြစ်ပြီး မိမိတို့လုပ်ဆောင်ရမည့်လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ကြရန်လိုအပ်မည်ဖြစ်ကြောင်း၊ တာဝန်ရှိသူများအနေဖြင့် မြေယာအသုံးချ မှုများနှင့်ပတ်သက်၍ စည်းကမ်းစနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်ကြသည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)