ပေါင်၊ မေ ၁၇
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ခြင်၊ ယင်အန္တရာယ်များကင်းရှင်းစေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ပြည်နယ်အစိုးရ၏လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းသန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီက အထက(မင်းတန်း)၌ ဆောင်ရွက်ခဲ့ကြသည်။
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးထင်လင်းအောင်၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊သစ်တောဦးစီးဌာမှဝန်ထမ်းများ၊ လူမှုကူညီရေး ပရဟိတအဖွဲ့များတို့ စုပေါင်းကာ ပတ်၀န်းကျင်စိမ်းလန်းစိုပြေရေး၊ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို တပျော်တပါး ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ပေါင်မြို့နယ်တွင် မြို့သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိပြီး မြို့တွင်းလမ်းများ၊ ရေနုတ်မြောင်းများ၊စာသင်ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၊ဆေးရုံ စသည့် အများပြည်သူအသုံးပြုရာ နေရာများကို ဦးစားပေးကာ လိုက်လံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မွန်မလေး
#MNP #News





No comments:
Post a Comment