အမေရိကန်က အစ္စရေးကို လက်နက်ခဲယမ်း တန်ချိန် ထောင်နဲ့ချီပြီး ပို့နေ - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်က အစ္စရေးကို လက်နက်ခဲယမ်း တန်ချိန် ထောင်နဲ့ချီပြီး ပို့နေ


မေ - ၂ ( စနေနေ့ ) 

အမေရိကန်သည် ပြီးခဲ့တဲ့၂၄ နာရီအတွင်းက အစ္စရေးသို့ ခဲယမ်းနှင့် စက်ပစ္စည်း တန်ချိန် ၆၅၀၀ ပေးပို့ခဲ့ကြောင်း အစ္စရေးဘက်က ပြောကြားခဲ့ပါတယ်။ 

အမေရိကန် ဗဟိုစစ်ဌာနချုပ် အကြီးအကဲ ဘရက်ကူပါး က အီရန်အပေါ် စစ်ရေးအရ အရေးယူမှု သက်တမ်းတိုးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဖိအားတွေလုပ်နေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးထိုးနှက်ချက် အဖြစ် အီရန်ရဲ့ လက်ကျန်စစ်ဘက်ဆိုင်ရာ ပိုင်ဆိုင်မှုများ၊ ခေါင်းဆောင်မှုနှင့် အခြေခံအဆောက်အအုံများ ကို တိုတောင်းပြီး အင်အားပြင်းသော တိုက်ခိုက်မှုလုပ်ဖို့ စီစဉ်နေပါတယ်။ 

ဟော်မုဇ်ရေလက်ကြားကို ထိန်းချုပ်မှုနှင့် အီရန်နျူကလီးယားအစီအစဉ်တားဆီးမှုနဲ့ ပတ်သက်ပြီး အီရန် - အမေရိကန် ၂ နိုင်ငံကြား ညှိနှိုင်းမှု လုပ်လို့ မရသေးပါဘူး။ 

အစ္စရေးနိုင်ငံရဲ့ အက်ရှ်ဒေါ့ နဲ့ ဟိုင်ဖာ ဆိပ်ကမ်းများတွင် ဆိုက်ကပ်ထားတဲ့ ကုန်တင်သင်္ဘောနှစ်စင်းမှာ ထောင်နဲ့ ချီတဲ့ လေကြောင်းနှင့် မြေပြင်လက်နက်များ၊ စစ်ထရပ်ကားများ၊ ဗျုဟာမြောက် ပူးပေါင် အပေါ့စားယာဉ်များ (JLTV) နှင့် အခြားစစ်လက်နက်ပစ္စည်းများဖြင့် ရောက်ရှိလာကြောင်း ကြာသပတေးနေ့က အစ္စရေးကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ 

အဲ့ဒိလက်နက်ခဲယမ်းတွေကို ထရပ်ကား ရာနှင့်ချီ တင်ဆောင်ပြီး နိုင်ငံတစ်ဝှမ်းရှိ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) အခြေစိုက်စခန်းများသို့ ရွှေ့ပြောင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 

ကာကွယ်ရေးဝန်ကြီးဌာန၏ အချက်အလက်များအရ အစ္စရေးသည် ဖေဖော်ဝါရီ ၂၈ ရက်က စတင်ခဲ့သော အီရန်အပေါ် အမေရိကန်-အစ္စရေး တိုက်ခိုက်မှု စတင်ချိန်မှစ၍ လေယာဉ်တင် ပစ္စည်း ၄၀၃ စင်းစာ နဲ့ သင်္ဘောတင်ပစ္စည်း ၁၀ စီးစာ စစ်လက်နက်ပစ္စည်း တန်ချိန် ၁၁၅,၆၀၀ ကျော်ကို လက်ခံရရှိထားပြီးဖြစ်ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)