မြစ်သားမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြစ်သားမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး(၁၀)ဦးဖြင့် (အခမဲ့) နယ်လှည့် ကွင်းဆင်းကျန်းမာရေးကုသဆောင်ရွက်





မြစ်သား၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၌ ရက် ၁၀၀ စီမံချက်ဖြင့် ကျောက်ဆည် ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး (၁၀) ဦးဖြင့် (အခမဲ့) နယ်လှည့်ကွင်းဆင်း ကျန်းမာရေးကုသဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်ကစတင်၍ ရွာခိုင်ကြီးကျေးရွာအုပ်စု တိုက်နယ်ဆေးရုံအတွင်း၌ လာရောက်ကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆေးကုသဆောင်ရွက်ပေးရာတွင် အထွေထွေရောဂါအထူးကုဆရာဝန်ကြီး၊ ကလေးအထူးကုဆရာဝန်ကြီး၊ ကိုယ်ခန္ဓာပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်ကြီး၊ ခွဲစိတ်အထူးကုဆရာဝန်ကြီး၊ သားဖွား/မီးယပ်အထူးကုဆရာဝန်ကြီး၊ အရိုးနှင့်အကြောအထူးကု ဆရာဝန်ကြီး၊ သွားနှင့်ခံတွင်းရောဂါ အထူးကုဆရာဝန်ကြီး၊ မျက်စိအထူးကုဆရာဝန်ကြီး၊ စိတ်ကျန်းမာရေးအထူးကုဆရာဝန်ကြီး၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆရာဝန်ကြီးများ လာရောက်၍ (အခမဲ့)ကုသပေးလျက်ရှိရာ မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီးကျေးရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိကျေးရွာများမှ ဒေသခံပြည်သူများ လာရောက်ပြီးကျန်းမာရေး ဆေးကုသမှု ခံယူခဲ့ကြောင်း သိရသည်။

နယ်လှည့်ကွင်းဆင်းဆောင်ရွက် ကုသပေးခြင်းကို ကျောက်ဆည်ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာ ဝန်ကြီး(၁၀)ဦးနှင့် တာဝန်ရှိသူများ၊ ကျောက်ဆည်ခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဇင်ဇင်သန့်ဝေနှင့်တာဝန်ရှိသူများ၊ မြစ်သားမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှ မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုးနှင့် ဆေးရုံဝန်ထမ်းများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း မြို့နယ်ပြည်သူ့ဆေးရုံတာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။


ဝင်းမင်းထွန်း

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)