မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင် ၂၀၂၆ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်




မကွေး၊ မေ ၁၆

နိုင်ငံတော်၏ အဓိကစီးပွားရေးဖြစ်သော စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တောင်သူလယ်သမားများ စိုက်ပျိုးစရိတ် အခက်အခဲမရှိစေရန် ပြည်ထောင်စုအစိုးရအဖွဲ့ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်ဘဏ်ခွဲက ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက မကွေးမြို့၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဒု-တိုင်းဒေသကြီး မန်နေဂျာက စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့် ထုတ်ချေးပေးမှုဆိုင်ရာ စည်းကမ်းချက်များအားလည်းကောင်း၊ မြန်မာ့အာမခံလုပ်ငန်းတိုင်းဒေသကြီး တာဝန်ခံက သီးနှံအာမခံထားရှိခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစန်းလွင်နှင့် တာဝန်ရှိသူများက တက်ရောက်လာသည့် ဘဏ်အဖွဲ့ဝင် တောင်သူများထံသို့ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပသည့် အခမ်းအနားတွင် မကွေးမြို့နယ် ဆားတိုင်ကန်ကျေးရွာအုပ်စုရှိ ဘဏ်အဖွဲ့ဝင် (၉၈) ဦးသို့ ယာသီးနှံ (၅၇၄.၀၀) ဧကအတွက် (၁၄၃၅.၀၀)သိန်း၊ ကံပြားကျေးရွာအုပ်စုရှိ ဘဏ်အဖွဲ့ဝင် (၄၆)ဦးသို့ ယာသီးနှံ (၂၅၆.၀၀) ဧကအတွက် (၆၄၀.၀၀)သိန်းကို ထုတ်ချေးပေးခဲ့ပြီး၊ ယခုနှစ်တွင် ဘဏ်အဖွဲ့ဝင်များသို့ ချေးငွေနှုန်းထားတိုးမြှင့် ထုတ်ချေးထားပြီး စပါး (၁)ဧက အတွက် (၃.၀၀)သိန်း၊ ယာသီးနှံ (၁)ဧက အတွက် (၂.၅၀)သိန်းနှုန်း၊ ချေးငွေအတိုးနှုန်းမှာ ငွေကျပ် တစ်ရာလျှင် တစ်နှစ်(၅%)ဖြင့် ထုတ်ချေးပေးခြင်းဖြစ်ပါသည်။ နှစ်ဟောင်းအချိန်စေ့လွန်ချေးငွေများ ပေးဆပ်မှုအားကောင်းခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီးအတွင်း ဘဏ်အဖွဲ့ဝင် တောင်သူများသို့ (၁၃၆၄၉၆.၃၅၀) သန်းထုတ်ချေးရန်လျာထားလျက်ရှိပြီး စိုက်ပျိုးစရိတ်ချေးငွေသာမကတောင်သူများ၏ လယ်ယာလုပ်ငန်းခွင်တွင် ထိရောက်ပြီး၊ ရာသီဥတုနှင့်အမှီ စိုက်ပျိုးနိုင်ရေးအတွက် လိုအပ်သော လယ်ယာသုံးစက်ကိရိယာချေးငွေများလည်း ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


မောင်ခိုင်မင်း 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)