နွားထိုးကြီး ၊ မေ ၁၇
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျောင်းသားကျောင်းသူများ ၂၀၂၆−၂၀၂၇ ပညာသင်နှစ်တွင် လုံခြုံအေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဗျူဟာမှူး ဗိုလ်မှူးကြီး သိန်းဇော်၊ မြို့နယ်အုပ်ချုပ်ရေးနှင့်စီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် မြို့မအမှတ်(၁၊၂၊၃၊၆)ရပ်ကွက်အသီးသီးမှ မြို့မိမြို့ဖများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံဆွေးနွေးသည်။
ထိုသို့ တွေ့ဆုံစဉ် ကျောင်းတွင်လိုအပ်လျက်ရှိသော ရေ၊ လျှပ်စစ်မီးရရှိရေး ပျက်စီးနေသော ကျောင်းဆောင်များ အချိန်မီပြုပြင်နိုင်ရေး၊ ပရိဘောဂများရရှိနိုင်ရေးတို့အတွက် တက်ရောက်လာသည့် ကျောင်းအကျိုးတော်ဆောင်၊ ရပ်မိ၊ ရပ်ဖများမှ တတ်နိုင်သမျှကူညီထောက်ပံ့ပေးသွားကြရန်နှင့် မိမိတို့ဖက်မှလည်း လိုအပ်သမျှကူညီပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment