ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု









တောင်ငူ၊ မေ ၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ မေလ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် တောင်ငူခရိုင်အားကွင်းသို့ ကွင်းဆင်းခဲ့ပြီး အားကစားကွင်း အင်္ဂါရပ်နှင့်အညီ အဆင့်မြှင့်တင်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများသည် တောင်ငူမြို့၊ ထီးလှိုင်ပန်းခြံ တည်ဆောက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပန်းခြံတည်ဆောက်ခြင်း လုပ်ငန်းအပိုင်း(၁)နှင့် အပိုင်း(၂) လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများအား တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်က အများပြည်သူ စိတ်လက်အပန်းဖြေနိုင်ရေး တည်ဆောက်ပေးရခြင်းဖြစ်၍ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့၊ ကေတုမတီ မြို့ဟောင်း၊ မြောက်ဘက်မြို့ရိုး မော်ကွန်းတံခါးပေါက်နှင့် ကျုံးရေပြင်အား ဖြတ်သန်း၍ အရှည်ပေ(၂၁၀)ရှိ ရှေးဟောင်းကျုံးကူးတံတား တည်ဆောက်နိုင်ရေးနှင့် ကျုံးနှင့် မြို့ရိုးအကြား မြေယာအလှရှုခင်း တည်ဆောက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးမူမပျက် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်ရန်၊ LandScaping Design များ ခေတ်မီလှပစေရန်နှင့် ကျုံးကူး တံတားဘယ်ညာ ကျုံးဆလန်ချောဆက်လက်ပြုလုပ်သွားနိုင်ရေး တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တောင်ငူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(နတ်စင်ကုန်း)၌ လူဝင်ကြီးမှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီး ဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် ကျောင်းသား/သူများနှင့် ပြည်သူများအား နေ့ချင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား၊ Unique Identification Number နှင့် Biometric အချက်အလက် ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းများကြန့်ကြာမှုမရှိစေရေး ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ကာ ပြုလုပ်ပြီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။


#MNP #News #Sport

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)