Tottenham Hotspur အသင်းမှ နည်းပြများ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအသုတ်) မှ ကလေးငယ်များကို အခြေခံနည်းစနစ်များ လာရောက်သင်ကြားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

Tottenham Hotspur အသင်းမှ နည်းပြများ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအသုတ်) မှ ကလေးငယ်များကို အခြေခံနည်းစနစ်များ လာရောက်သင်ကြားပေး













ရန်ကုန်၊ မေ ၃

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) မှ ဖွင့်လှစ်သည့် အခမဲ့ နွေရာသီအခြေခံဘောလုံးသင်တန်း (ဒုတိယအသုတ်) မှ ကလေးသူငယ်များကို ပရီးမီးယားလိဂ်ကလပ် Tottenham Hotspur အသင်းမှ နည်းပြများက ယနေ့တွင် အထူးအစီအစဉ်တစ်ရပ်အနေဖြင့် လာရောက်လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ "AYA GAME PLAN : AIA SCORE WITH SPURS" အစီအစဉ်ကို ယနေ့တွင် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကယ်ဒမီ (MFF Academy Artificial Ground) ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

အခမ်းအနားတွင် AIA Myanmar မှ Chief Partnership Distribution Officer ဒေါ်မေမြတ်သူ က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးစည်သူဝင်း က အဖွင့်အမှာစကား ဆက်လက်ပြောကြားခဲ့သည်။ ထို့နောက် AYA Bank မှ Chief Business Officer ဦးနေလင်းထွဋ် က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။

အခမ်းအနားအစီအစဉ်အရ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ နည်းပြများနှင့် ကလေးငယ်များ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပြီး AYA Bank မှ Tottenham Hotspur အသင်းနည်းပြများဖြစ်ကြသည့် Mr. Kevin Moffatt နှင့် Mr. Tyler Blackwood တို့အား အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ Tottenham Hotspur နည်းပြနှစ်ဦးက နွေရာသီဘောလုံးသင်တန်း ဒုတိယအသုတ်မှ ကလေးငယ်များအား အခြေခံဘောလုံးနည်းစနစ်များကို လက်တွေ့သင်ကြားပြသပေးခဲ့သည်။ 

သင်တန်းကာလအတွင်း ကလေးငယ်များ၏ အင်အားနှင့် ရေဓာတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်ရန် ရွိုင်ရယ်-ဒီ (Royal-D) မှ Official Recharging Partner အဖြစ် ပံ့ပိုးကူညီပေးခဲ့သည်။ 

သင်တန်းအပြီးတွင် ကလေးငယ်များအား AYA Bank မှ အာဟာရမုန့်များဖြင့် တည်ခင်းဧည့်ခံခဲ့ပြီး အစီအစဉ်ကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


#MNP #News #Sport

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)