ပခုက္ကူ၊ မေ ၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊အမှတ်(၁)ရပ်ကွက်ရှိ For Life ဘုန်းတော်ကြီးကျောင်း၌ နွေရာသီအင်္ဂလိပ်စကားပြော သင်တန်းကို မတ်လစတင်ပြီး အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
နွေရာသီအားလပ်ရက်များကို အကျိုးရှိရှိအသုံးချလိုသော ကျောင်းသား၊ကျောင်းသူများနှင့် အင်္ဂလိပ်စာအမှန်တကယ် တတ်မြောက်လိုသော ပြည်သူများတက်ရောက်ကြပြီး Listening Skill, Speaking skill, Writing skill, Reading Skill စသည့် ဘာသာရပ်များကို အတန်းအမျိုးအစားအလိုက် စနစ်တကျသင်ကြားလေ့ကျင့်ပေးလျက်ရှိကြောင်း၊ ယခုနှစ်တွင် Grade-2မှ Grade-7အထိ(အငယ်တန်း)တွင် ၂၈၀ဦးနှင့် Grade-8မှ အဆင့်မြင့်တက္ကသိုလ်ကျောင်းသား ကျောင်းသူအထိ(အကြီးတန်း)တွင် ၇၅ဦးလက်ခံထားပြီး Junior Reading, Basic Level, Intermating Level, Senior Reading စသည်ဖြင့် အတန်းခန်းများ သတ်မှတ်၍ သင်ကြားပေးလျက်ရှိကြောင်း၊ မေလ၁၆ရက်နေ့တွင် အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲနှင့် မေလ၁၇ ရက် နေ့တွင် ဆုချီးမြှင့်ပွဲနှင့်သင်တန်းဆင်းပွဲကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ နွေရာသီအင်္ဂလိပ်စကားပြောသင်တန်းကို ၂၀၁၀ခုနှစ်မှစတင် သင်ကြားပေးခဲ့ရာ အင်္ဂလိပ်စာကျွမ်းကျင်မှုကြောင့် ပြည်ပနိုင်ငံများတွင် အလုပ်အကိုင်အခွင့်အလမ်းရရှိသူ ၁၀၀နီးပါးခန့်ရှိပြီး အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်တက္ကသိုလ်များတွင် ဝင်ရောက်လုပ်ကိုင်သူ ၂၀ဦးခန့်ရှိကြောင်း၊ ယနေ့အထိ သင်တန်းသား သင်တန်းသူ သုံးသောင်းကျော်အထိ မွေးထုတ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ကျောင်းထိုင်ဆရာတော် ဦးခေမာစာရထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News





No comments:
Post a Comment