သံဖြူဇရပ် ၊ မေ ၁၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက် (၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျုံကဒတ်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာမင်းငွေထွန်းဦးဆောင်၍ ဝန်ထမ်းများက ကျုံကဒတ်ကျေးရွာအတွင်းရှိ မွေးမြူထားသည့် ကျွဲ၊ နွားများတွင် ဖြစ်ပွားတတ်သည့် လည်ချောင်းကွဲရောဂါ၊ ပေါင်ပုပ်လက်ပုပ်ရောဂါများအတွက် ကာကွယ်ဆေးများထိုးနှံခဲ့ရာ စုစုပေါင်း ကျွဲ၊ နွား ကောင်ရေ ၂၄၀ အား ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ပြီး၊ တိရစ္ဆာန်များတွင် ဖြစ်ပွားတတ်သော ကူးစက်ရောဂါများအကြောင်း၊ မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းနှင့် နို့စားနွားတိုးချဲ့မွေးမြူခြင်းကြောင့် ရရှိလာသည့်အကျိုးကျေးဇူးများအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့အတူ မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ပညာပေးသင်တန်းများဖွင့်လှစ်ခြင်း၊ ဇီဝဇိုးငှက်အဆောက်အဦမှတ်ပုံတင်ခြင်း၊ ခွေးရူးရောဂါအကြောင်းပညာပေး ဟောပြောခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment