အီရန်က ယူရေနီယံတွေကို ရုရှားကိုပဲ လွှဲပေးမယ်လို့ ပြောလာပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က ယူရေနီယံတွေကို ရုရှားကိုပဲ လွှဲပေးမယ်လို့ ပြောလာပြီ


မေ - ၁၉ ( အင်္ဂါနေ့ ) 

အီရန်က ၎င်းရဲ့သန့်စင်ပြီးသား ယူရေနီယံတွေကို ရုရှားထံ လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီလို့ ဆော်ဒီ သတင်းဌာန အယ်လ်ဟာဒက် က ဖော်ပြလိုက်ပါတယ်။ အီရန်က ပါကစ္စတန်ကနေတစ်ဆင့် အမေရိကန်ထံ ပေးပို့တဲ့ ငြိမ်းချမ်းရေး အဆိုပြုချက် တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး မနေ့က အဲ့ဒိအစီအစဉ်က ပေါက်ကြားသွားခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ပါကစ္စတန် က ကြားဝင်ဖျန်ဖြေပေးခဲ့တဲ့ နှစ်ဘက်ကြား သွယ်ဝိုက်ဆွေးနွေးပွဲတွေဟာ ဧပြီလအစောပိုင်းက အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ခဲ့ပေမဲ့ အခုတော့ အဲ့ဒါက ရပ်တန့်သွားပါပြီ။ အမေရိကန် - အီရန် စစ်ပွဲအတွက် အမေရိကန်ရော၊ အီရန်ဘက်ကပါ ပဋိပက္ခအဆုံးသတ်ရေး အဆိုပြုချက်များကို အကြိမ်ကြိမ်တင်ပြခဲ့ပေမဲ့ ၂ ဘက်စလုံးရဲ့ တောင်းဆိုမှုများကို အချင်းချင်းပယ်ချ နေခဲ့ကြပါတယ်။ 

ဆော်ဒီသတင်းဌာန အဆိုအရ အီရန်က ၎င်းရဲ့နျူကလီးယားအစီအစဉ်ကို အချိန်ကြာမြင့်စွာ ရပ်တန့်ရန် အဆင်သင့်ဖြစ်နေပေမဲ့ ၎င်းရဲ့ သန့်စင်ပြီးသား ယူရေနီယံတွေကိုတော့ အမေရိကန်အစား ရုရှားထံကိုပဲ လွှဲပြောင်းပေးမယ်ဆိုတဲ့ အခြေအနေတွေ ဖြစ်လာပါတယ်။ အီရန်ဘက်ကတော့ ၎င်းနျူအစီအစဉ်ကို လုံးဝဖျက်သိမ်းဖို့ကတော့ လက်မခံသေးပါဘူး။ 

 နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ၏ ခန့်မှန်းချက်အရ အီရန်မှာ သန့်စင်ပြီးသား ယူရေနီယံ ၄၀၀ ကီလိုဂရမ် ကျော်ကို ၆၀ ရာခိုင်နှုန်းအထိ လုပ်ထားပြီးပြီလို့ သိရပါတယ်။  လက်နက်အဖြစ်ပြောင်းလဲတပ်ဆင်ဖို့က သန်စင်မှု ၉၀% လိုအပ်ပါတယ်။ ရုရှားဘက်ကလည်း အီရန်တွေ သန့်စင်နေတဲ့ ယူရေနီယံတွေကို ဖယ်ရှားဖို့အတွက် လုပ်ဆောင်ပေးပါမယ်လို့လည်း ကမ်းလှမ်းထားပါတယ်။ 

ရုရှားသမ္မတ ဗလာဒီမာပူတင်က “ဒီလို ကမ်းလှမ်းမှုကို ကျနော်တို့ လုပ်ခဲ့ရုံသာမက၊ ၂၀၁၅ ခုနှစ်တုန်းကလည်း တစ်ကြိမ် အကောင်အထည် ဖော်ခဲ့ပြီးပါပြီ။ အီရန်က ကျနော်တို့ကို အပြည့်အဝ ယုံကြည်ပါတယ်”လို့ သတင်းထောက်များအား ပြောကြားခဲ့ပါတယ်။ ရုရှားဘက်ကတော့  သဘောတူညီချက်များကို ဘယ်သောအခါမှ ချိုးဖောက်ခြင်းမရှိကြောင်း နဲ့ အရပ်ဘက်သုံး နျူကလီးယားစွမ်းအင်အစီအစဉ်တွေကို အီရန်နိုင်ငံနဲ့ ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမယ်လို့လည်း ပြောထားပါတယ်။

အမေရိကန်ဘက်ကတော့ ငြိမ်းချမ်းရေး အစီအစဉ်အရ အီရန်မှာရှိတဲ့ သန့်စင်ပြီးသားယူရေနီယံတွေကို ဖယ်ရှားပြီး သိမ်းယူချင်နေတာပါ။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)