ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကျင်းပ











ပုဇွန်တောင်၊ မေ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့မွန်းလွဲ(၁)နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း တေဇခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်က လူငယ် များ၏အနာဂတ်သည် နိုင်ငံတော်၏အနာဂတ်ဖြစ်သည့်အတွက် ကျောင်းနေအရွယ်ကလေးများ အားလုံး ပညာသင်ယူခွင့်ရရှိစေရေးနှင့် ကျောင်းနေပြင်ပကလေးသူငယ်များ မရှိစေရေးတို့ကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ ယခုပညာသင် နှစ်တွင် နိုင်ငံတော်မှ ကျောင်းဝင်ကြေး၊ အားကစားကြေး၊ စာကြည့်တိုက်ကြေးစသည်များ အပါ အဝင်မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်းမရှိဘဲ အခမဲ့စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး၏ အခြေခံအုတ်မြစ်ဖြစ်သည့် အတွက် မိမိတို့၏သားသမီး၊ ရင်သွေးငယ်များကို လူတော်လူကောင်းများဖြစ်စေရန် ပျိုးထောင် ပေးခြင်းသည် မိမိတို့မိသားစုတွင်သာမက နိုင်ငံတော်ကို ကျေးဇူးပြုခြင်းဖြစ်ကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့သည်။ 

ဆက်လက်ပြီး ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် ၂ထပ်ကွမ်း လူရည်ချွန်ဖြစ်သော အမှတ်(၄) အခြေခံ ပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသူ မငြိမ်းဆုနှစ်အောင်အား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းကိုလည်းကောင်း၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း(၁၆)ကျောင်း အတွက် ထောက်ပံ့ငွေများကိုလည်းကောင်း၊  နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေသော ပုံနှိပ်စာအုပ်၊ ဗလာ စာအုပ်၊ ခဲတံနှင့် ကျောင်းဝတ်စုံများကိုလည်းကောင်း တာဝန်ရှိသူများမှ ချီးမြှင့်ပေးခဲ့ပြီး ကျောင်း နေရန်အခက်အခဲရှိသည့် ကျောင်းသား/ကျောင်းသူ ၆၀ ဦးအတွက် ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲ ရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ဗလာစာအုပ် (၂၀) ဒါဇင်နှင့် ဘောလ်ပင် (၂၅)ဒါဇင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့်အလှူရှင်များမှ ငွေကျပ် (၇၁၁၀၀၀၀/-) တန်ဖိုးရှိသည့် ထမင်းဘူး၊  ကျောပိုးအိတ်၊ ထီး၊ ကျောင်းစာအုပ်၊ ဗလာစာအုပ်၊ ဘောလ်ပင်နှင့်ခဲတံများကို ထပ်မံပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဗိုလ်တထောင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်လွင်နှင့်အဖွဲ့ဝင်များ၊ ဗိုလ်တထောင်ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဒေါ်ခင်ဝင်းကြည်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စန်းဦး၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁) ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းအေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအသင်းဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ကျောင်းသူ/ကျောင်းသားများ၊ ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)