မြောက်ဥက္ကလာပ၊ မေ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင်၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွက် “နိုင်ငံတော်စဥ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့” ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာစိုက်ထူခြင်း နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်း သာယာလှပစေရေးစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက အမှတ်(၃) အခြေခံပညာ အထက်တန်း ကျောင်းတွင် ပြုလုပ်ခဲ့သည်။
အဆိုပါ ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်စီမံခန့်ခွဲ ရေး နှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့၀င်များ ၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ် မို့မို့ခိုင်နှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာစိုက်ထူခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးသီတင်းပတ် အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူထားရှိရာ မြို့နယ်အတွင်း အခြေခံပညာကျောင်းပေါင်း ၆၃ ကျောင်းရှိသည်။ အဆိုပါကျောင်းအပ်လက်ခံခြင်းများကို မေလ (၂၅)ရက်နေ့မှစတင်ကာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ၂၀၂၆ ခုနှစ်၊ မေလ(၂၅)ရက်နေ့မှ မေလ (၃၁)ရက်နေ့အထိ သတ်မှတ်ထားကြောင်း သိရသည်။
ထို့နောက် မြို့နယ်စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေး ကော်မတီ ဦးဆောင်မှုဖြင့် ကျောင်းပတ်၀န်းကျင် သန့်ရှင်း သာယာလှပစေရေး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရာတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီ တပ်ဖွဲ့၀င်များ၊ လှုမှုကူညီ ရေးအဖွဲ့များ၊ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့၀င်များနှင့် တာဝန်ရှိသူများ စုပေါင်း၍ ကျောင်းပတ်၀န်းကျင်နှင့်အနီးအနားရှိ အမှိုက် သရိုက်များကောက်ယူခြင်း၊ မြက်ပင် ၊ ပေါင်းပင် ၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဆယ်ယူရှင်းလင်းပြီး ဆောင်ရွက်ခဲ့ကြပြီး ထွက်ရှိအမှိုက်များအား အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျ စွန့်ပစ်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
သက်လွင်စိုး
#MNP #News






No comments:
Post a Comment