မြန်မာ - ပါကစ္စတန် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ - ပါကစ္စတန် ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး ဆွေးနွေး


နေပြည်တော်၊ မေ ၆

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံအမတ်ကြီး H.E. Mr. Tariq Karim အား ယမန်နေ့က နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဆေးပညာရှင်များ အပြန်အလှန်စေလွှတ်၍ အတွေ့အကြုံဖလှယ်ရေး၊ ဆေးဘက်ဆိုင်ရာ သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေး၊ နှစ်နိုင်ငံဆေးတက္ကသိုလ်များအကြား ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ပါကစ္စတန်နိုင်ငံမှ ဆေးဝါးနှင့်ခွဲစိတ်ခန်းသုံးပစ္စည်းများ တင်သွင်း လျက်ရှိသည့်ကိစ္စရပ်များနှင့် မြန်မာနိုင်ငံတွင် ဆေးဝါးစက်ရုံများတည်ဆောက်၍ ရင်းနှီးမြှုပ်နှံနိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါကစ္စတန်နိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)