လှိုင်းဘွဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique Indentity ကတ်များ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

လှိုင်းဘွဲမြို့နယ်တွင် ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique Indentity ကတ်များ ကွင်းဆင်းဆောင်ရွက်


ဘားအံ   ၊ မေ  ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်များနှင့် Unique ID နံပါတ်မရှိသူများ ထုတ်ပေးခြင်းကို နောကောကျေးရွာအုပ်စု၌ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လှိုင်းဘွဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစည်သူအောင်နှင့် ဝန်ထမ်းများက ‌ဒေသခံပြည်သူများအား ရက်(၁၀၀)စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသစ်ပြုလုပ်ပေးခြင်း၊ ပျောက်ဆုံး/ပျက်စီးမှုရှိပါက မိတ္တူပြုလုပ်ပေးခြင်း၊ အသက်၁၀နှစ်နှင့်အထက် မှတ်ပုံတင်အသစ်ပြုလုပ်ပေးခြင်း၊ အသက်၁၈နှစ်ပြည့် လဲလှယ်ခြင်းတို့ အားကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးစိုးအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)