နေပြည်တော်၊ မေ ၁၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းမောင်သည် ပျဉ်းမနားခရိုင်အတွင်းရှိ ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များအား ယမန်နေ့က နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် မိမိတို့ရပ်ရွာဒေသ ဖွံ့ဖြိုးတိုးတက်ရေး စစ်မှန်သောပြည်ထောင်စုစိတ်ဓာတ်ဖြင့် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားပြီး ကယန်း၊ ကရင်ဖြူနှင့် ပအိုဝ်းတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ်များက ဒေသလိုအပ်ချက်များကို လူမျိုးစုအလိုက် ဆွေးနွေးတင်ပြကြသည်။
တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
#News #MNP

No comments:
Post a Comment