ယူကရိန်းမြို့တော်ကနေ ချက်ခြင်းထွက်ခွာဖို့ နိုင်ငံခြားသားတွေ နဲ့ သံတမန်တွေကို ရုရှားက သတိပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ယူကရိန်းမြို့တော်ကနေ ချက်ခြင်းထွက်ခွာဖို့ နိုင်ငံခြားသားတွေ နဲ့ သံတမန်တွေကို ရုရှားက သတိပေး



မေ - ၂၆ ( အင်္ဂါနေ့ ) 

တနင်္လာနေ့ (မေလ ၂၅ ရက်) မှာ ရုရှားက ယူကရိန်းနိုင်ငံရဲ့ “ထိန်းချုပ်ရေးစင်တာများ” ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း အပါအဝင် မြို့တော်ကိဗ်ယက်အား တိုက်ခိုက်မှုများကို အရှိန်အဟုန်ပြင်းစွာ ပြုလုပ်ရန် အစီအစဉ်များကို ကြေညာခဲ့ပြီးနောက် နိုင်ငံခြားသားများနဲ့ သံတမန်ဝန်ထမ်းများအား ယူကရိန်းမြို့တော်မှ ချက်ချင်းထွက်ခွာရန် တိုက်တွန်းခဲ့ပါတယ်။ 

ယူကရိန်းအရှေ့ပိုင်းတစ်ဝှမ်းတွင် ရုရှား၏တိုက်ခိုက်မှုအသစ်ကြောင့် လူလေးဦးထက်မနည်းသေဆုံးပြီး အခြားအများအပြားဒဏ်ရာရရှိသွားချိန်တွင် အဆိုပါ သတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ 

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်း ခါကိဗ် ဒေသတွင် ရုရှားရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒါဂချီ မြို့၌ အသက် ၆၈ နှစ်နှင့် ၂၅ နှစ်ကြား အရပ်သား နှစ်ဦး သေဆုံးပြီး လူ ၂ ဒါဇင်နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။ ခါကိဗ်ပြည်နယ် အုပ်ချုပ်ရေးမှူး  က တိုက်ခိုက်မှုအပြီးတွင် အရေးပေါ်အဖွဲ့များ ဖြန့်ကျက်ချထားကြောင်း ပြောကြားခဲ့ပါတယ်။ 

ဒီအပတ်စနေ၊ တနင်္ဂနွေက တိုက်ခိုက်မှုကြောင့် ကိယက်ဗ်မြို့တစ်ခွင်တွင်အပျက်အစီးများစွာ ဖြစ်ပေါ်ခဲ့ပါတယ်။ လူအများအပြား သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြပါတယ်။ ဒရုန်းများနှင့် ဒုံးကျည်များစွာ ပါဝင်တဲ့ ရုရှားရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ 

မော်စကိုမှ အသုံးပြုတဲ့ လက်နက်များထဲတွင် အော်ရက်ရှနစ် အသံထက်မြန်သည့် ဒုံးကျည်များ ပါဝင်တယ်လို့ ရုရှားအာဏာပိုင်များက ဆိုကာ ၎င်းက အသံထက် အမြန်နှုန်း ဆယ်ဆကျော်ပြီး နျူကလီးယား ထိပ်ဖူးများကို သယ်ဆောင်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ 

ရုရှားထိန်းချုပ်ထားသော လူဟန်နက်စ်ဒေသရှိ အသက်မွေးဝမ်းကျောင်း တစ်ကျောင်းကို ယူကရိန်းက တိုက်ခိုက်ခဲ့လို့ လူ ၂၁ ဦး သေဆုံးခဲ့ရတယ်လို့ မော်စကိုက စွပ်စွဲပြီး ရက်ပိုင်းအကြာတွင် ပြန်လည်ထိုးစစ်ဆင်မှုကို လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်တုံ့ပြန်ရန် စစ်တပ်အား ညွှန်ကြားခဲ့တယ်လို့ သိရပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် “လက်ရှိအခြေအနေအရ ရုရှားစစ်တပ်များသည် ကိယက်ဗ်ရှိ ယူကရိန်းစစ်တပ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများကို စနစ်တကျ တိုက်ခိုက်မှုများ စတင်နေပြီဖြစ်ကြောင်း” ပါရှိပါတယ်။ “တိုက်ခိုက်မှုတွေဟာ စစ်ရေး ဆုံးဖြတ်ချက်ချတဲ့ဌာနတွေနဲ့ ကွပ်ကဲရေးစခန်းတွေကို ပစ်မှတ်ထားသွားမှာပါ... သံတမန်ရေးရာအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ဝန်ထမ်းတွေအပါအဝင် နိုင်ငံခြားသားတွေကို မြို့ထဲကနေ အမြန်ဆုံးထွက်ခွာကြဖို့ သတိပေးနေပါတယ်” လို့ ဝန်ကြီးဌာနက သတိပေး ပြောကြားခဲ့ပါတယ်။ 


Ref - Wion News

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)