ပြည်ပြေး ဝရမ်းပြေး CRPH, NUG ပါဝင်သော လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ စုပေါင်း၍ အကြမ်းဖက် တပ်ပေါင်းစု ဖွဲ့စည်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပြေး ဝရမ်းပြေး CRPH, NUG ပါဝင်သော လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များ စုပေါင်း၍ အကြမ်းဖက် တပ်ပေါင်းစု ဖွဲ့စည်း




ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များ၏ ဦးဆောင်မှုဖြင့် KIA၊ KNU ၊ CNF ၊ ကရင်နီနှင့် PDF တပ်များ ပါဝင်သော အကြမ်းဖက် တပ်ပေါင်းစုကို ဖွဲ့စည်း၍ တိုင်းဖျက် ပြည်ဖျက် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်တပ်ပေါင်းစုကို စစ်ရေးဦးဆောင်သူ ၁၀ ဦးဖြင့် တစ်မိန့်၊ တစ်ဗျူဟာကျင့်သုံး ၍  နိုင်ငံတစ်ဝန်း အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အကြမ်းဖက်အဖွဲ့များနှင့် လက်တွဲဆောင်ရွက်နေသည့် ပြည်ပြေး မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့များနဲ့အတူ ကချင်KIA၊ ကရင်KNU ၊ ချင်းCNF ၊ ကရင်နီနှင့် PDF အကြမ်းဖက်အဖွဲ့များ ပါဝင်နေသော အကြမ်းဖက်တပ်ပေါင်းစု ဖွဲ့စည်းလိုက်ပြီး တစ်မိန့်၊ တစ်ဗျူဟာဖြင့် နိုင်ငံတစ်ဝန်း အကြမ်းဖက်လုပ်ရပ်များ ဆက်လက်လုပ်ဆောင်နေကြောင်း အကြမ်းဖက်တပ်ပေါင်းစု၏ ပြောရေး ဆိုခွင့်ရှိသူ NUG အကြမ်းဖက်အဖွဲ့မှ အဆိပ်ဘုရင် ဇော်ဝေစိုးက ထုတ်ဖော်ပြောဆိုသည်။ 

၂၀၂၆ ခုနှစ်၊ မတ်လအတွင်း  အကြမ်းဖက် တပ်ပေါင်းစု ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီကို ဖွဲ့စည်းခဲ့ပြီးနောက် ကဏ္ဍကြီး ၄ ခုတွင် အားလုံးတစ်စုတစ်စည်းတည်း၊ တစ်သံတည်းဖြင့် လုပ်ငန်းများဆောင်ရွက်နေကြောင်း၊ ယင်းကဏ္ဍ ၄ ခုတွင် အကြမ်းဖက်လှုပ်ရှားမှု ပါဝင်ပြီး စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းပေါင်းစပ်ရေးကော် မတီကို ဖွဲ့စည်းထားကြောင်း၊ စစ်ရေးညှိနှိုင်းပေါင်းစပ်ရေးကော်မတီတွင် အကြမ်းဖက်အဖွဲ့များမှ ဦးဆောင်သူများက အကြမ်းဖက်လှုပ်ရှားမှု ဦးဆောင်သူ ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး တစ်မိန့်၊ တစ်ဗျူဟာဖြင့် စုစုစည်းစည်း အကြမ်းဖက်လှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက်နေကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်တပ်ပေါင်းစုတွင် KIO ၊ KNU ၊ CNF ၊ KARENNI ၊ CRPH နှင့် NUG တို့ပါဝင်ပြီး အကြမ်းဖက်တပ်ပေါင်းစု ဖွဲ့စည်းခြင်း အခမ်းအနားသို့ KIO အကြမ်းဖက်အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နှင့် ဗဟိုကော်မတီဝင်များ၊ KNU အကြမ်းဖက်အဖွဲ့ ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ ချင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့(CNF) ဥက္ကဋ္ဌ ပူးဇင်ကျုံး ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များ၊ ကရင်နီအကြမ်းဖက်အဖွဲ့ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCCအကြမ်းဖက်အဖွဲ့ ၊ IECအကြမ်းဖက်အဖွဲ့ ၊, KNPP အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ၊ NUG အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဒူဝါလရှီးလ၊ မန်းဝင်းခိုင်သန်း၊  CRPH  အကြမ်းဖက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် နှင့် အဖွဲ့ဝင်များ အပါအဝင် အကြမ်းဖက်လှုပ်ရှားမှုတွင် ပါဝင်သူများ စုံညီစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြည်ပြေး ဝရမ်းပြေး CRPH, NUG အကြမ်းဖက်အဖွဲ့နှင့် အထက်ဖော်ပြပါ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များသည် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူပေါင်း ၁၀၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ကြပြီး ဖြစ်သည်။ ပြည်ပြေး ဝရမ်းပြေး CRPh, NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်သမားများသည် ဓားမြတိုက်၊ ခိုး၊ ဆိုး၊ လုယက် အကြမ်းဖက်လုပ်ရပ်များကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ဆောင်လာခြင်းကြောင့် ပြည်သူများက ရွံရှာမုန်းတီးလျက်ရှိသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)