အီရန်က အမေရိကန်ရဲ့ သန်း ၃၀ ကျော်တန် ဒရုန်း အစီး ၃၀ ကျော်ကို ပစ်ချခဲ့တယ်လို့ ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အီရန်က အမေရိကန်ရဲ့ သန်း ၃၀ ကျော်တန် ဒရုန်း အစီး ၃၀ ကျော်ကို ပစ်ချခဲ့တယ်လို့ ဆို


မေ - ၂၆ ( အင်္ဂါနေ့ ) 

ဘလွန်းဘာဂ် သတင်းဌာနရဲ့ ဖော်ပြချက်အရ၊ အမေရိကန်စစ်တပ်သည် အီရန်နဲ့ ပဋိပက္ခစတင်ခဲ့သည့်အချိန်မှစ၍ MQ-9 Reaper ဒရုန်း ၃၀ စင်းကျော် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိအရေအတွက်က အမေရိကန်စစ်တပ်ရဲ့  စစ်မဖြစ်မီရှိတဲ့ ဒရုန်းအုပ်စု စုစုပေါင်းရဲ့ ငါးပုံတစ်ပုံနီးပါး ဖြစ်ပြီး၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၁ ဘီလီယံနီးပါး ရှိကြောင်း ဖော်ပြထားပါတယ်။ 

MQ-9 Reaper များအနက် အများစုကို အီရန်ဘက်က ပစ်ခတ်မှုများကြောင့် ဖျက်ဆီးခံရခြင်း သို့မဟုတ် ပြင်းထန်စွာ ပျက်စီးခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုပါတယ်။ MQ-9 Reaper သည် ထောက်လှမ်းရေး နဲ့ တိုက်ခိုက်ရေး  မစ်ရှင် နှစ်မျိုးလုံးကို လုပ်ဆောင်နိုင်တဲ့ ဒရုန်းအမျိုးအစား ဖြစ်ပါတယ်။ ဒရုန်းတစ်စင်း၏ တန်ဖိုးမှာ ဒေါ်လာ သန်း၃၀ ကျော် ခန့်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

ထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော General Atomics က ယင်းမော်ဒယ် ထုတ်လုပ်မှုကို ပြီးခဲ့သည့်နှစ်တွင် ရပ်ဆိုင်းခဲ့ပေမဲ့ အခြားနိုင်ငံများအတွက် ဗားရှင်းအမျိုးမျိုးကို ဆက်လက် ထုတ်လုပ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ 

ဘလွန်ဘာဂ် က အမည်မဖော်လိုသော ရင်းမြစ်တစ်ခုကို ကိုးကားပြီး ကြာသပတေးနေ့ထုတ် အစီရင်ခံစာတွင် “အီရန်သည် စစ်ပွဲစတင်ပြီးနောက် ၂၀၂၆ ဖေဖော်ဝါရီလနှောင်းပိုင်းမှစ၍ အမေရိကန်တပ်ဖွဲ့များ အသုံးပြုနေသော MQ-9 Reaper ဒရုန်း ၂ ဒါဇင်ကျော်ကို ဖျက်ဆီးခဲ့တယ်”လို့ ဖော်ပြခဲ့ပါတယ်။  MQ-9 Reaper များအနက် အများစုသည် အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်များ မှ ပစ်ချခံရခြင်းဖြစ်ပြီး၊ အခြားတချို့မှာ မြေပြင်ပေါ်တွင် ရှိနေစဉ် ဒုံးကျည်နဲ့ ပစ်ခတ်ဖျက်ဆီးခံရခြင်း နဲ့ အချို့မှာလည်း မတော်တဆမှုများကြောင့် ဆုံးရှုံးခဲ့ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။  

MQ-9 Reaper များပါဝင်သော အမေရိကန် ဒရုန်းအုပ်စုသည် ယခုအခါ ခန့်မှန်းအားဖြင့် ၁၃၅ စင်းခန့်သာ ကျန်ရှိနေပြီး၊ ၎င်းအရေအတွက်သည် လေတပ်က အမြဲတမ်း ထိန်းသိမ်းရမည့် အနည်းဆုံး အဆင့်လို့ သတ်မှတ်ထားသော ၁၈၉ စင်း ထက် သိသိသာသာ နိမ့်ကျနေကြောင်း သိရပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)