ခရီးသွားမိဘပြည်သူများ ပိုမိုအဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် လာမည့် (၁.၆.၂၀၂၆) ရက်နေ့ မှစ၍ ရန်ကုန် - မန္တလေး - ရန်ကုန် ခရီးစဉ် ကို အမှတ်(၉) အဆန် နှင့် အမှတ်(၁၀) အစုန် DEMU Spain ရထားများဖြင့် ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားမှာဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းထုတ်ပြန်ထားသည်။
စတင် ပြေးဆွဲမည့်ရက် - ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁) ရက်
အဆိုပါ ရထားများသည် - အမှတ်(၉) အဆန် ရထား - ရန်ကုန် မှ နံနက် (၀၈:၃၀) နာရီ တွင် ထွက်ခွါမည်ဖြစ်ပြီး မန္တလေး သို့ ညနေ (၁၈:၃၀) ဆိုက်ရောက် မှာဖြစ်ပြီး၊ အမှတ်(၁၀) အစုန်ရထား - မန္တလေး မှ နံနက် (၈:၃၀) နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ရန်ကုန် သို့ ညနေ (၁၈:၄၀) ဆိုက်ရောက်မည်ဖြစ်သည်။
ရပ်တန့်ဘူတာများကတော့ - ရန်ကုန်၊ တိုးကြောင်ကလေး၊ ပဲခူး၊ ဖြူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်၊ တပ်ကုန်း၊ ပျော်ဘွယ်၊ သာစည်၊ မန္တလေး ဘူတာများ ဖြစ်သည်။
အဆိုပါ ထပ်မံတိုးချဲ့သော ခရီးစဉ်များအတွက် လက်မှတ်များကို ORTP Website တွင် ဝယ်ယူနိုင်မှာဖြစ်သလို၊ အမှတ်(၃)အဆန် နှင့် အမှတ်(၄) အစုန် ရထားများကို (ယခင် DEMU Japanတွဲများ အစား) DEMU Spain ရထားတွဲများဖြင့် ပြောင်းလဲ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။
#MNP #News

No comments:
Post a Comment