ပုဇွန်တောင်မြို့နယ်အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/ကျောင်းသူ များအား ကျောင်းအပ်လက်ခံဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ်အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ကျောင်းသား/ကျောင်းသူ များအား ကျောင်းအပ်လက်ခံဆောင်ရွက်







ပုဇွန်တောင်၊ မေ ၂၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာ KG မှ Grade-12 ကျောင်းသား/ကျောင်းသူများကို ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌   ကျောင်း အပ်နှံရေးသီတင်းပတ် မေလ(၂၅)ရက်နေ့ ယနေ့မှစတင်၍ ကျောင်းအပ်လက်ခံ ဆောင်ရွက်ပေးလျက်ရှိသည်။ 

ကျောင်းနေအရွယ် ကလေးအားလုံး ပညာသင်ကြားနိုင်ရေးအတွက် မသင်မနေရ အခမဲ့ပညာရေး စနစ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး   “နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက်ဖို့ ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံကြစို့ ”ဆောင်ပုဒ်နှင့်အညီ အသက် (၅)နှစ်ပြည့်ပြီး ကလေးသူငယ်တိုင်း မည်သည့်ခွဲခြားမှုမရှိစေရန်၊ မည်သူတစ်ဦးတစ်ယောက်မျှ မကျန်ရှိစေရန်နှင့် အခြေခံပညာသင်ယူခွင့်ရရှိရန် မေ(၂၅)ရက်နေ့မှ(၃၁)ရက်နေ့အထိ ကျောင်း အပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းအသီးသီး၌ ကျောင်းအပ်နှံ လက်ခံဆောင်ရွက်ပေးလျက် ရှိရာ မိဘအုပ်ထိန်းသူများက အတန်းအလိုက် ကျောင်းလာရောက်အပ်နှံနေမှုအား ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။ 

ပုဇွန်တောင်မြို့နယ်၌ အထက်တန်းကျောင်း(၄)ကျောင်း၊ အလယ်တန်းကျောင်း(၃)ကျောင်း၊ မူလ တန်းကျောင်း (၉)ကျောင်းတို့တွင် ကျောင်းအပ်နှံရေးသီတင်းပတ်ကာလအတွင်း KG မှ Grade-12 ကျောင်းသား/ကျောင်းသူများကို အတန်းစဉ်အလိုက် ကျောင်းအပ်လက်ခံဆောင်ရွက်သွားမည် ဖြစ်ပြီး KG ကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပုံနှိပ် စာအုပ်၊ ခဲတံ(၄)ချောင်း၊ ကျောင်း ဝတ်စုံတစ်စုံ၊ Grade-1 မှ Grade-5 မူလတန်း ကျောင်းသား/ ကျောင်းသူများကို ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်၊ ခဲတံ(၄)ချောင်းနှင့် ကျောင်း ဝတ်စုံ(၁)စုံ၊ Grade-6 မှ Grade-12 အလယ်တန်းနှင့်အထက်တန်းကျောင်းသား/ကျောင်းသူများကို ကျောင်းသုံးပုံနှိပ်စာအုပ်၊ ဗလာစာအုပ်(၁)ဒါဇင်နှင့် ခဲတံ(၂)ချောင်းနှင့် ဘောပင်(၂)ချောင်းကို အခမဲ့ပေးအပ်သွားမည် ဖြစ်ကြောင်း  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ 


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)