ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Digitalization of Industrial Russia ၂၀၂၆ ဖိုရမ် နည်းပညာပြခန်းများအား ကြည့်ရှုလေ့လာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Digitalization of Industrial Russia ၂၀၂၆ ဖိုရမ် နည်းပညာပြခန်းများအား ကြည့်ရှုလေ့လာ


နေပြည်တော်၊ မေ ၂၂

ရုရှားဖက်ဒရေးရှင်းနိုင်ငံ Nizhny Novgorod မြို့၌ရောက်ရှိနေသော သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်သည် ၂၀-၅-၂၀၂၆ ရက်နေ့ ညနေပိုင်းက Digitalization of Industrial Russia ၂၀၂၆ ဖိုရမ်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား သွားရောက်ကြည့်ရှု လေ့လာသည်။

အဆိုပါပြခန်းများတွင် ရုရှားနိုင်ငံမှ နည်းပညာကုမ္ပဏီများက လူမှုစီးပွားဘဝကဏ္ဍစုံတွင် ဉာဏ်ရည်တုနည်းပညာ၊ ဇီဝအချက်အလက်နည်းပညာ၊ ဆိုက်ဘာလုံခြုံရေးနည်းပညာများ အသုံးပြုဆောင်ရွက်နေမှု၊ ဆက်သွယ်ရေးနှင့် ဆက်စပ်ပစ္စည်းများထုတ်လုပ်နေမှု၊ အသုံးပြုသည့်ပစ္စည်းများနှင့် ဆက်စပ် Application များကို ရာနှုန်းပြည့် ရုရှားနိုင်ငံ၌ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်နေမှု၊ Digital Twin နည်းပညာကို မော်စကိုမြို့၏ မြို့ပြစီမံခန့်ခွဲမှုတွင် အသုံးပြုဆောင်ရွက်နေမှု၊ ဇီဝအချက်အလက်နည်းပညာကို နယ်ပယ်စုံတွင် အသုံးချဆောင်ရွက်နေမှုကို ခင်းကျင်းပြသထားသည်။

ထို့နောက် Astra Group ကုမ္ပဏီ၏ပြခန်း၌ ပြည်ပမှီခိုမှုကင်းသော Operating System ၊ ဆိုက်ဘာလုံခြုံရေးနှင့် အချက်အလက်စီမံခန့်ခွဲမှုဆိုင်ရာ Application များ၊ နည်းပညာဆိုင်ရာ ပစ္စည်းများနှင့် Software များအကြောင်းကို ကြည့်ရှုလေ့လာကြသည်။

ယင်းနောက် Astra Group ကုမ္ပဏီနှင့်ဆွေးနွေးပွဲပြုလုပ်ရာ မြန်မာနိုင်ငံတွင် Operating System နှင့် Software များ အမှီအခိုကင်းစွာ ထုတ်လုပ်နိုင်ရေးအတွက် Astra Group ကုမ္ပဏီမှနည်းပညာပိုင်းဆိုင်ရာ အကူအညီအထောက်အပံ့ပေးနိုင်ရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ နည်းပညာပိုင်းဆိုင်ရာသုတေသနပြု အကောင်အထည်ဖော်နိုင်ရေးအတွက် Moscow Technical University of Communications and Informatics (MTUCI) နှင့် Naypyitaw State Polytechnic University (NSPU) တို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)