သဲကုန်းမြို့အတွင်းရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သဲကုန်းမြို့အတွင်းရှိ ဈေးဆိုင်၊ ကုန်စုံဆိုင်များ၊ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များ၌ ရောင်းချလျက်ရှိသော ကုန်ပစ္စည်းများအား ကွင်းဆင်းစစ်ဆေး

 


သဲကုန်း  ၊ မေ ၁၅

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်/ကုန်စုံဆိုင်များ၊ ဆေးဆိုင်နှင့်အလှကုန်ဆိုင်များအား တာဝန်ရှိသူများမှ ယမန်နေ့က ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဦးအောင်လှိုင်ဝင်းဦးဆောင်၍၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးထင်ဇော်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များက မှတ်ပုံတင်ထားသော ဆေးဝါးအလှကုန်နှင့် စားသောက်ကုန်များ ရောင်းချရေး၊ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရေး၊ ထုတ်ကုန်များ လုံခြုံစိတ်ချမှုရရှိစေရေး၊ ကုန်စည်များအပေါ် ယုံကြည်စိတ်ချရမှုရှိစေရေး၊ ကုန်စည်များအပေါ်တွင် ကုန်စည်အမျိုးအစားလိုက်၍ ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိနှင့် သက်တမ်းလွန်‌ ဆေးဝါး၊အလှကုန်နှင့် စားသောက်ကုန်များ ရောင်းချခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး ဆေးဝါး၊အလှကုန်နှင့် စားသောက်ကုန်များ ရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

ကိုကျော် (သဲကုန်း)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)