ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်းနှင့် MSME လုပ်ငန်းများအတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု ကြည့်ရှုစစ်ဆေး



နေပြည်တော်၊ မေ ၂၅

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ပြည်ထောင်စုနယ်မြေ (နေပြည်တော်) ဥတ္တရသီရိမြို့နယ် ငန်းစပ်ကျေးရွာရှိ ရွှေဦး ဝဥစားသောက်ကုန်လုပ်ငန်း၏ ဝဥမှ အချိုရည်၊ ဝဥဂျယ်လီ၊ ဝဥခေါက်ဆွဲခြောက်များ ထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်းဖြစ်၍ ကောင်းမွန်သည့် ထုတ်လုပ်မှု ကျင့်စဉ် (GMP) လမ်းညွှန်ချက်များနှင့်အညီ တိတိကျကျ လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သုတေသနပြုလုပ်ငန်းများ ဆောင်ရွက်နေ သည့် ပညာရှင်များနှင့် MSME လုပ်ငန်းရှင်များကို ချိတ်ဆက်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ရုံးအမှတ် (၃၀) တွင် ဖွင့်လှစ်လျက်ရှိသည့် MSME လုပ်ငန်းများ အတွက် အောင်မြင်ရေးအလေ့အကျင့်ကောင်းများကို လက်တွေ့အသုံးချနိုင်ရေး သင်တန်းဖွင့်လှစ်နေမှု၊ ဥတ္တရသီရိမြို့နယ်ရှိ Mr. Bamboo အဆင့်မြင့် တစ်ခါသုံး ဝါးတူစက်ရုံ၌ ဝါးတူများ ထုတ်လုပ်နေမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)