မန္တလေး၊ မေ ၁၉
မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDFအကြမ်းဖက်အဖွဲ့ဝင် (၃၁၂) ဦး လက်နက်ခဲယမ်းများနှင့်အတူ ထပ်မံအလင်းဝင်ရောက်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
PDF အကြမ်းဖက်အဖွဲ့ဝင် အမျိုးသား( ၂၇၇ )ဦး၊ အမျိုးသမီး (၃၅ ) စုစုပေါင်း (၃၁၂) ဦးတို့သည် သေနတ် (၁၄) လက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့ပြီး တာဝန်ရှိသူများက လက်နက်ခဲယမ်းများအတွက် ဆုချီးမြှင့်ငွေများ၊ ထောက်ပံ့ငွေများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့အပါအဝင် အကြမ်းဖက်သောင်းကျန်းသူ အဖွဲ့အစည်းများမှ အသိမှန် အမြင်မှန်ရလာသည့် လူငယ်များ ဥပဒေဘောင်အတွင်း ဝင်ရောက်မှုအများဆုံးဖြစ်ပြီး မတ္တရာ-စဉ့်ကူး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းရှိ အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များကို တပ်မတော်က ရှင်းလင်းပြီးနောက် ဥပဒေဘောင်အတွင်း ဝင်ရောက်မှု ၂၀၀၀ ကျော် ရှိလာခဲ့သည်။
နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင် က ရက်(၁၀၀)အတွင်း PDF အဖွဲ့ဝင်များ ဥပဒေဘောင်အတွင်း ဝင်ရောက်ကြရန် တည်ငြိမ်အေးချမ်းရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။
#MNP #News


No comments:
Post a Comment