ပခုက္ကူ၊ မေ ၃၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် Placement Test ဝင် ရောက်ဖြေဆိုရန် လျှောက်လွှာသွင်းထားသူ(၆၆၉)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။
"၂၀၂၁-၂၀၂၂ပညာသင်နှစ်မှစတင်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ရောက်ရှိကာ ကျောင်းရပ်နားထားခဲ့ရသော ကလေးများကို ပညာအရည်အချင်းအရသော်လည်းကောင်း၊ အသက်အရွယ် အရ သော်လည်းကောင်း သင့်လျော်ကိုက်ညီသည့် အခြေခံပညာကျောင်းများရှိ မူလတန်း၊ အလယ်တန်းတို့ တွင် ပြန်လည်တက်ရောက် ပညာသင်ယူနိုင်ရေးအတွက် အရည်အချင်းစစ်စာမေးပွဲကျင်းပမည့် Placement Test (အထူးအစီအစဉ်)အတွက် လျှောက်လွှာများကို မေလ ၂၂ရက်မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိ ကြောင်း၊ ထိုသို့လက်ခံဆောင်ရွက်ပေးလျက်ရှိရာ လက်ရှိအချိန်ထိ Grade-1မှ Grade-5အထိ မူလတန်း အရွယ်(၄၅၇)ဦး၊ Grade-6မှ Grade-8အထိ အလယ်တန်းအရွယ် (၂၁၂)ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူ (၆၆၉)ဦး လျှောက်လွှာ လာရောက်တင်သွင်းကြကြောင်း၊ လျှောက်လွှာတင်သွင်းမှုအား ဇွန်လ၅ရက်နေ့အထိ ဆက်လက်ခံပေးသွားမည်ဖြစ်ပြီး အရည်အချင်းစစ်စာမေးပွဲများကို ဇွန်လ ၁၅ရက်မှ ၂၀ရက်နေ့အထိ သတ်မှတ်စာစစ်ဌာနများတွင် ကျင်းပသွားမည်ဖြစ်ကြောင်း" မြို့နယ်ပညာရေးမှူးထံက သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment