မေ - ၃၁ ( သောကြာနေ့)
ကုလသမဂ္ဂက ကလေးများအပေါ် ဒစ်ဂျစ်တယ်ကမ္ဘာရဲ့ အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများ ထွက်ပေါ်လာခဲ့ပါပြီ။ ကုလသမဂ္ဂလူ့အခွင့်အရေးအကြီးအကဲ ဗော်လ်ကာတက်ခ် က ကလေးများအတွက် ဒစ်ဂျစ်တယ်ကမ္ဘာကို ဘေးကင်းစေရန်နှင့် အရေးတကြီးအခြေခံမူတွေကိုထားရန် အရေးကြီးကြောင်း ပြောကြားခဲ့ပါတယ်။ ကမ္ဘာ့နိုင်ငံများ က ကလေးမျာရဲ့ ဘေးကင်းရေးကို ထည့်သွင်းရန် နည်းပညာကုမ္ပဏီကြီးများကို ဖိအားပေးဖို့လိုကြောင်းကိုလည်း ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေနဲ့ အွန်လိုင်းပေါ်က ဝက်ဘ်ဆိုက်တွေ ရဲ့ စီးပွားရေးအလေ့အကျင့်များနဲ့ ဒီဇိုင်းရွေးချယ်မှုများက ကလေးငယ်များကို တိုက်ရိုက်ထိခိုက်စေပါတယ်။ “ကလေးများကို သင်ယူမှု၊ အသိုက်အဝန်းနှင့် တီထွင်ဖန်တီးနိုင်စွမ်းတို့နှင့် ချိတ်ဆက်ပေးတဲ့ ဒစ်ဂျစ်တယ်ကမ္ဘာက ၎င်းတိုရဲ့ ဘေးကင်းမှု၊ ကိုယ်ရေးကိုယ်တာနှင့် ကျန်းမာရေးအတွက် အမှန်တကယ် အန္တရာယ်များကို ဖော်ထုတ်ပေးရမှာပါ” လို့ တက်ခ် ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
"အွန်လိုင်းသုံးစွဲလို့ ဖြစ်ပေါ်လာတဲ့ လူမှုရေးဆိုင်ရာ ပြဿနာတွေနဲ့ ကျန်းမာရေး ထိခိုက်မှုတွေက ရှောင်လွှဲလို့မရတဲ့ မွေးရာပါ ပြဿနာတွေ မဟုတ်ပါဘူး။ ကြည့်လို့မဆုံးအောင် ပေးထားတဲ့ ဗီဒီယိုဖိုင်တွေ၊ မကြည့်လည်း အလိုအလျောက်ပွင့်နေတဲ့ အက်ပ်တွေ၊ အမြဲသတိပေးချက်တွေပေးပြီး စွဲလမ်းစေသော ဒီဇိုင်းအင်္ဂါရပ်များ၊ ဘေးကင်းမှုကို ထိခိုက်စေတဲ့ ဒီဇိုင်းရွေးချယ်မှုများနဲ့ လုပ်ငန်းအလေ့အကျင့်တွေက အွန်လိုင်းပေါ်မှာ အများအပြားဖြစ်နေပါပြီ” လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
အွန်လိုင်းတွင် ကလေးသူငယ်များအား ကာကွယ်မှု မြှင့်တင်ရန် လိုအပ်မှုကို ဦးစားပေး လုပ်ဆောင်ရန် လိုအပ်ကြောင်း တက်ခ်က ပြောကြားခဲ့ပါတယ်။
Ref: WION
#MNP #News

No comments:
Post a Comment