တိုင်းဒေသကြီးဝန်ကြီးချုပ် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးဝန်ကြီးချုပ် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေး


ပုသိမ်၊ မေ ၃၁

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းနှင့် တာဝန်ရှိသူများသည် မေ ၂၉ ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်ရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကျင်းပရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးလွှတ်တော်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက လွှတ်တော်အစည်းအဝေးကျင်းပရန် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လွှတ်တော်ရုံးပရိဝုဏ်အတွင်း သန့်ရှင်းရေး၊ လျှပ်စစ်မီးရရှိရေး၊ မီဒီယာများ သတင်းရယူနိုင်ရေး၊ လွှတ်တော်ရုံးအတွင်း လုံခြုံရေးချထားမှုများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည်စွက်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည့် E Guard  Enviromental Services မှ ဇောတိက ကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း (Phases 1A - 16) နှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းဆိုင်ရာများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ရာ ကုမ္ပဏီမှတာဝန်ရှိသူများက မုတ္တမပင်လယ်ကွေ့ရှိ သဘာဝဓာတ်ငွေ့ထုတ်လုပ်မှုလုပ်ငန်းများ၊ ဇောတိကသဘာဝဓာတ်ငွေ့ ဖွံ့ဖြိုးရေးစီမံကိန်းတွင် လက်ရှိလုပ်ဆောင်နေသော လုပ်ငန်းများနှင့် ထပ်တိုးလုပ်ဆောင်မည့်လုပ်ငန်းများ၊ စီမံကိန်းတွင်ပါဝင်မည့် လုပ်ငန်းစဉ်များ၊ လူမှုရေးတာဝန်ယူမှုလုပ်ငန်းများ၊ PTTEPI မှ မုတ္တမကမ်းလွန်လုပ်ကွက် M9 တွင် ဆောင်ရွက်လျက်ရှိသည့် ဇောတိကကမ်းလွန်ဖွံ့ဖြိုးရေးစီမံကိန်း (Phases 1A-1G) အတွက် EIA လုပ်ဆောင်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြမှုနှင့် တက်ရောက်လာသည့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊  ဌာနဆိုင်ရာများ၏ ဆွေးနွေးမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က “စီမံကိန်း နှင့်ပတ်သက်သည့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းလုပ်ငန်းများအား သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်၊ လုပ်ငန်းဆောင်ရွက်မှုနှင့် တိုးတက်မှုများကိုလည်း တင်ပြရန်” မှာကြားခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။


လှမင်းထွဋ် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)