ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ်ပေးနေမှုအား ကြည့်ရှုအားပေး




ပဲခူး၊ မေ ၃၁

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ခွဲစိတ်ကုသမှုပြုလုပ်ပေးနေမှုကို ယနေ့နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်း၊ ဆေးရုံအုပ်ကြီး ဒေါက်တာဇော်လွင်တို့နှင့်အတူ ပဲခူးမြို့၊ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ ခွဲစိတ်ကုသမှုခံယူကြသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရင်းရင်းနှီးနှီးလက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး အာဟာရမုန့်နှင့် ကြက်ဥများ၊ ထောက်ပံ့ငွေများပေးအပ်ကာ ခွဲစိတ်ကုသမှုပြုလုပ်ပေးသည့် ကျန်းမာရေးဝန်ထမ်းများကိုလည်း လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးရာတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ပြုပြင်မှုဆိုင်ရာ၊ ခွဲစိတ်ကုသဌာနမှ ပါမောက္ခ/ ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်၍ မျက်နှာ၊ မေးရိုး၊ ခံတွင်းခွဲစိတ်ဌာနမှ ဆေးလက်တွေ့ပါရဂူ ဘွဲ့လွန်သင်တန်းသားများပါဝင်သောအဖွဲ့က မေလ(၃၀)ရက်နေ့မှ (၃၁)ရက်နေ့အထိ မွေးရာပါ နှုတ်ခမ်းကွဲလူနာ(၁၈)ဦးနှင့် အာခေါင်ကွဲလူနာ(၁၃)ဦး၊ စုစုပေါင်း လူနာ(၃၁)ဦးတို့အား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင် 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)