ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်





ပေါင်၊ မေ  ၅

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌  ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ   နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက အလှပ်ကျေးရွာ၊ အထက(အလှပ်)ရှိ တော်ဝင်သဇင်ခန်းမတွင် မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။

ထို့သို့ ရက်(၁၀၀)စီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ပေါင်မြို့နယ်ဦးစီးမှူးဦးဌေးအောင်ကျော် ဦးဆောင်၍ ဝန်ထမ်းများက အသက် ၁၀မှ ၁၈နှစ် ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူ၍ UID ကတ်ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာနေရာသို့  ပေါင်မြို့နယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဗိုလ်ဝင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းခိုင်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှုအားပေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပေါင်မြို့နယ်ဦးစီးမှူး ဦး‌ဌေးအောင်‌ကျော်က လုပ်ငန်းများဆောင်ရွက်ပုံအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသခဲ့ပြီး ပြည်သူများအား Unique ID (UID) ထုတ်ပေးခဲ့သည်။

ပေါင်မြို့နယ်သည် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်‌ပေးခြင်းများကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် မြေပြင်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။


မွန်မလေး 

#MNP #News 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)