ပခုက္ကူ၊ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်များနှင့်UIDကတ်များပေးအပ်ပွဲကိုယနေ့နံနက်ပိုင်းကလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်သည်။
ထိုသို့ပေးအပ်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ခေတ္တ ခရိုင်ဦးစီးမှူး ဦးချစ်ကိုကိုက အစိုးရသစ်လက်ထက်ရက်(၁၀၀)စီမံချက်ဖြင့် "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုင်ကြစို့"ဆောင်ပုဒ်နှင့်အညီ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေး ခြင်း၊ အသက်(၁၈)နှစ်ပြည့်နှင့်ဟောင်းနွမ်းပျက်စီးမှုများကို အသစ်လှဲလယ်ပြုလုပ်ပေးခြင်း၊ ဇီဝဆိုင်ရာ အချက်အလက်(Biometric)ကောက်ယူပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UIDကတ်ပြားများ ဆောင်ရွက် ပေးနေမှုများအကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဦးရဲအောင်တို့က ၂၀၂၆ခုနှစ်၊ဧပြီလ၂၀ရက်မှ မေလ၁၂ရက်နေ့အထိ ရက်(၁၀၀)စီမံချက်ဖြင့်ဆောင်ရွက်ပြီးစီး သည့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် UID ကတ်(၉၆၇)ကတ်အား ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)
#MNP #News



No comments:
Post a Comment