ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ယူကရိန်းဒရုန်းတွေရဲ့ ပြဿနာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကိုယ့်ရှူးကိုယ်ပတ်ဖြစ်နေတဲ့ ယူကရိန်းဒရုန်းတွေရဲ့ ပြဿနာ


ဇွန် - ၇ ( တနင်္ဂနွေနေ့ ) 

ယူကရိန်းက  ရုရှားနိုင်ငံအတွင်းသို့ အဝေးပစ် ဒရုန်း ရာပေါင်းများစွာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုတိုက်ခိုက်မှုများထဲမှ အများစုမှာ အရပ်သားများနဲ့ ရေနံသိုလှောင်ရုံများ အပါအဝင် အရေးပါသော အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားခဲ့ပါတယ်။  ဥရောပသမဂ္ဂ (အီးယူ) အဖွဲ့ဝင်နိုင်ငံ အတော်များများကလည်း ထိုတိုက်ခိုက်မှုများကို အားပေးထောက်ခံခဲ့ကြပါတယ်။ 

ဒါပေမဲ့ တိုက်ခိုက်မှုနှုန်း မြင့်တက်လာတာနဲ့အမျှ ယူကရိန်းဒရုန်းများက ယူကရိန်းကို စစ်ရေးအရ ကူညီပံ့ပိုးပေးနေတဲ့ အိမ်နီးချင်းနိုင်ငံများကိုပါ ပိုမိုထိမှန်လာခဲ့ပါတယ်။ ဘောလ်တစ်ပင်လယ်မှသည် မြေထဲပင်လယ်အထိ ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့တဲ့ အဲ့ဒိမတော်တဆမှုတွေကြောင့် ယူကရိန်း အစိုးရအနေနဲ့  တောင်းပန်စကားများ ဆက်တိုက်ဆိုခဲ့ရပေမဲ့ ၎င်းတို့ရဲ့ ဒရုန်းတိုက်ခိုက်မှုများကို လျှော့ချရန် အစီအစဉ်ရှိတဲ့ အရိပ်အယောင်မျိုး မတွေ့ရပါဘူး။ 

အဲ့လို ယူကရိန်းဒရုန်းတွေကြောင့် ဖြစ်လာတဲ့ အန္တရာယ်ကို အီးယူ အစိုးရအများစုက ယူကရိန်းကို တရားဝင် ပြစ်တင်ရှုတ်ချရန် ငြင်းဆန်ခဲ့ကြပြီး အဆိုပါ ဖြစ်ရပ်များအတွက် ရုရှား ရဲ့ အီလက်ထရောနစ် စစ်ဆင်ရေး ကြောင့်ဖြစ်တယ်လို့ပဲ ပြစ်တင်ခဲ့ကြပါတယ်။ 

မေလကုန်ပိုင်းတွင် ဆွီဒင်ဝန်ကြီးချုပ် အူးဖ် ခရစ္စတာဆန် က ယူကရိန်းအနေဖြင့် ၎င်းတို့၏ တိုက်ခိုက်မှုများကို "မှန်ကန်သော လမ်းကြောင်းများဆီသို့ ဦးတည်" နိုင်ရန် ကူညီပေးကြဖို့ နေတိုး အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုခဲ့ပြီး ပိုလန်နိုင်ငံကလည်း ယူကရိန်းကို "ဒီထက်မက ပိုမိုတိကျမှုရှိရန်" တိုက်တွန်းခဲ့ပါတယ်။ 

လတ်တလော ဖြစ်ပျက်ခဲ့တဲ့ ယူကရိန်း ဒရုန်း ပြဿနာတွေကို တွေ့ကြုံလိုက်ရတဲ့ အီးယူနိုင်ငံကတော့ ရိုမေးနီးယားပဲ ဖြစ်ပါတယ်။ ယူကရိန်း ရေတပ်သုံး ဒရုန်းတစ်စင်းက မြေထဲပင်လယ်နှင့် ဆက်စပ်နေသော ပင်လယ်နက်အတွင်းရှိ ရိုမေးနီးယားနိုင်ငံ၏ အကြီးဆုံးဆိပ်ကမ်းဖြစ်သော ကွန်စတန်တာ ရှိ ရေနံသိုလှောင်ရုံတစ်ခုအနီးတွင် ပေါက်ကွဲခဲ့ပြီး၊ အခြားဒရုန်းသုံးစင်းမှာမူ ကမ်းလွန်ပင်လယ်ပြင်တွင် ပေါက်ကွဲခဲ့ကြသည်။ ယူကရိန်းအစိုးရက အဆိုပါဒရုန်းများသည် ၎င်းတို့၏ ရေတပ်ပိုင်ပစ္စည်းများဖြစ်ကြောင်း အတည်ပြုခဲ့ပြီး ဒရုန်းများကို ထိန်းချုပ်မှု လွတ်သွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ 

လူအသေအပျောက်ရှိကြောင်း သတင်းမရရှိသော်လည်း ဒေသခံအာဏာပိုင်များက အဆိုပါဧရိယာရှိ လူများကို အရေးပေါ်ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန် က ဤဖြစ်ရပ်သည် ယူကရိန်းပဋိပက္ခ၏ "တိုက်ရိုက်အကျိုးဆက်" ဖြစ်တယ်လို့ ဝန်ခံခဲ့ပေမဲ့ ယူကရိန်းရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမရှိ မေးခွန်းကိုမူ ရှောင်လွှဲသွားခဲ့ပါတယ်။ 

ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကြောင့် အာဇော့ဗ်ပင်လယ် အတွင်းရှိ ရုရှားနိုင်ငံ တာဂန်ရော့ဂ်ပင်လယ်ကွေ့  ၌ ကုန်တင်သင်္ဘောနှစ်စင်း ထိမှန်ခဲ့ပြီး အဇာဘိုင်ဂျန်လူမျိုး သင်္ဘောသား ၅ ဦး သေဆုံးကာ အခြား ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ သင်္ဘောနှစ်စင်းဖြစ်သည့်အမ်ဗီနတ်ထရာ နဲ့ အမ်ဗီဇီရာကွန် တို့သည် ကောက်ပဲသီးနှံများ တင်ဆောင်ရန်အတွက် တူရကီနိုင်ငံမှ ရုရှားနိုင်ငံ၏ ရော့စတော့ဗ်-အွန်-ဒွန် ဆိပ်ကမ်းသို့ ဦးတည်ခုတ်မောင်းနေစဉ် တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပါတယ်။ ယူကရိန်း ဒရုန်းတပ်ဖွဲ့မှူး ရိုဘတ် ဘရော့ဗ်ဒီ  က ထိုတိုက်ခိုက်မှုများကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်း အတည်ပြုခဲ့ပြီး အဆိုပါကောက်ပဲသီးနှံများ သည် တရားမဝင်ကြောင်းနှင့် သင်္ဘောပေါ်တွင် စစ်ဘက်ဆိုင်ရာကုန်ပစ္စည်းများနှင့် စက်သုံးဆီများကိုလည်း တင်ဆောင်လာသည်ဟု စွပ်စွဲပြောကြားခဲ့ပါတယ်။ 

နေတိုး တိုက်လေယာဉ်တစ်စင်းက ရုရှားပိုင်နက်ထဲမှ ပျံသန်းဝင်ရောက်လာတဲ့ ယူကရိန်းဒရုန်း တစ်စင်းကို အက်စတိုးနီးယားနိုင်ငံတောင်ပိုင်း အထက်ကောင်းကင်ယံ၌ ပစ်ချခဲ့ရပါတယ်။ ပျက်ကျသွားတဲ့ ဒရုန်းအပျက်အစီးများက ကာဗလာကူလာ ကျေးရွာအနီးရှိ ရွှံ့နွံတောတစ်ခုအတွင်းသို့ ကျရောက်ခဲ့ပြီး လူအသေအပျောက် သို့မဟုတ် အိုးအိမ်ပိုင်ဆိုင်မှု ပျက်စီးဆုံးရှုံးမှုတစ်စုံတစ်ရာ မရှိခဲ့ပါဘူး။  အက်စတိုးနီးယား ကာကွယ်ရေးဝန်ကြီး ဟန်နို ပက်ဗ်ကာ က အဲ့ဒိဒရုန်းက "ရုရှားပစ်မှတ်အချို့ကို တိုက်ခိုက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်နိုင်ခြေအများဆုံးပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။ 

အဲ့လို အလားတူပြဿနာပေါင်းများစွာက ဖင်လန်၊ ဂရိ၊ လတ်ဗီးယား နဲ့ အခြား နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုက်နက်တွေထဲမှာ ဖြစ်လာနေပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကမှ ယူကရိန်းကို ပြစ်တင်ပြောဆိုခြင်း မရှိခဲ့ပါဘူး။ မတော်တဆမှုတွေက နောက်ပိုင်းမှာ အရပ်ဖက်အဆောက်အအုံတွေအထိ ထိခိုက်မှု ဖြစ်လာရင်တော့ အီးယူက ယူကရိန်း ဒရုန်းတွေရဲ့ အန္တရာယ်ကို ခံစားရတော့မှာပဲ ဖြစ်ပြီး ကိုယ့်ရှူး ကိုယ်ပတ်တော့မှာပဲ ဖြစ်ပါတယ်။ 


REF: RT 

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)