ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲ တက်ရောက်


နေပြည်တော်၊ ဇွန် ၂၅

“ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင်ခေတ်ဆီသို့” စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့က နေပြည်တော်ရှိ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးက မြန်မာ့အေအိုင်ခေတ်ဆီသို့ လျှောက်လှမ်းရန်အတွက် ပထမဆုံးအနေနှင့် "AI Localization" ဟုခေါ်သည့် AI ကို မြန်မာမှုပြုရန်လိုပါကြောင်း၊ Developer များ၊ ကုမ္ပဏီများသာမက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်များ၊ တောင်သူလယ်သမားများ၊ ကျောင်းသားများမှစ၍ နေ့စဉ်ဘဝတွင် AI နည်းပညာကိုလက်လှမ်းမီစွာ၊ အကျိုးရှိစွာ အသုံးချတတ်လာအောင် ဖန်တီးပေးရမည်ဖြစ်ကြောင်း၊ နိုင်ငံသားများ၏ Digital Literacy၊ Digital Maturity နှင့် AI Literacy၊ AI Maturity ဖွံ့ဖြိုးလာစေရန် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် တက္ကသိုလ်များ၊ နည်းပညာရှင်များသုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက မြန်မာ့ AI ခေတ်သည် ရွှေရောင်လွှမ်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် “ဒီဂျစ်တယ်အခြေပြု မြန်မာ့အေအိုင် ခေတ်ဆီသို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် အမျိုးသားဉာဏ်ရည်တု နည်းပညာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါက်တာတင်ဖုန်းကျော်ကဆောင်ရွက်၍ ဦးအောင်နိုင်ဦး၊ ဒေါက်တာဆန်းဆုဆုရည်၊ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်မှ ဒေါ်ခင်အေးဝင်း၊ ဒေါက်တာဇော်လင်းတို့က ပါဝင်ဆွေးနွေးခြင်း၊ တက်ရောက်လာသည့် ကိုယ်စားလှယ်များနှင့် ကျောင်းသား ကျောင်းသူများက သိရှိလိုသည့် အချက်အလက်များအား မေးမြန်းဆွေးနွေးခြင်းတို့ဆောင်ရွက်ပြီး ဆွေးနွေးသည့် အချက်များအပေါ်တွင် ဒုတိယဝန်ကြီး ဦးမင်းဇေယျာလှိုင်က ပြန်လည်သုံးသပ် ဆွေးနွေးခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)