ဂန့်ဂေါ၊ ဇွန် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့တွင် မြို့နယ်စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် ရွေးချယ်မှုဆိုင်ရာနည်းလမ်းများနှင့် ရွေးကောက်တင်မြှောက်မှုဆိုင်ရာနည်းလမ်းများ ရှင်း လင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာအခမ်းအနားတွင် ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက မြို့နယ် စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းရာတွင် ဆောင်ရွက်ရမည့် ရွေးချယ်မှုဆိုင်ရာနည်းလမ်းများနှင့် ရွေးကောက်တင်မြှောက်မှုဆိုင်ရာနည်းလမ်းများ အမိန့်ကြော်ငြာစာအမှတ်(၄/၂၀၁၄)အပိုဒ် ၄ပါ ပြဌာန်းချက် တို့နှင့်အညီ ဆောင်ရွက်ရမည့် မြို့နယ်စည်ပင်သာယာရေးကော်မတီများဖွဲ့စည်းခြင်း၊ မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ အရည်အချင်းသတ်မှတ်ချက်များ၊ ရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များရွေးချယ်ခြင်းနှင့် ကော်မတီဝင်တစ်ဦးဦးအား နှုတ်ထွက်ခွင့်ပြုခြင်း၊ တာဝန်မှယာယီရပ်ဆိုင်းခြင်း(သို့မဟုတ်)ရပ်စဲခြင်းတို့ကို Power Point ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက်အခမ်းအနားသို့တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည်များကို မေးမြန်းကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းက ပြန်လည်ဖြေကြား ရှင်းလင်းဆွေးနွေး၍ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်က နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့ပေါ်(၄)ရပ်ကွက်မှ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မောင်မျိုးမင်း
#MNP #News



No comments:
Post a Comment