အမေရိကန် - အီရန် ငြိမ်းချမ်းရေး ဒီနေ့လက်မှတ်ထိုးမယ်လို့ ထရမ့်ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန် - အီရန် ငြိမ်းချမ်းရေး ဒီနေ့လက်မှတ်ထိုးမယ်လို့ ထရမ့်ပြော


ဇွန် - ၁၄ ( တနင်္ဂနွေနေ့ ) 

အမေရိကန်နှင့် အီရန်တို့ကြား ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဇွန်လ ၁၄ ရက် တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးသွားမှာဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သူ့ပိုင် ထရုသ်ဆိုရှယ် လူမှုကွန်ရက်စာမျက်နှာ ပေါ်ရှိ ပို့စ်တစ်ခုတွင် ကြေညာခဲ့ပါတယ်။ အစောပိုင်းက တီဟီရန် (အီရန်အစိုးရ) အနေဖြင့် ယင်းနေ့ရက်တွင် သဘောတူညီချက် ရရှိနိုင်မည်မဟုတ်ကြောင်း ငြင်းဆိုခဲ့သော်လည်း “လာမည့်ရက်ပိုင်းအတွင်း” သဘောတူညီချက် ရရှိနိုင်မယ့် အလားအလာကိုမူ ပယ်ချခဲ့ခြင်းမရှိပေ။

ဧပြီလအစောပိုင်းတွင် အပစ်အခတ်ရပ်စဲရေး ရရှိခဲ့ပြီးနောက် နှစ်နိုင်ငံစလုံးသည် ပါကစ္စတန်နိုင်ငံက ကြားဝင်စေ့စပ်ပေးတဲ့ ဆွေးနွေးပွဲများတွင် ပါဝင်နေသည်မှာ နှစ်လကျော်ပြီဖြစ်ပါတယ်။ 

“သဘောတူညီချက်ကို မနက်ဖြန်မှာ လက်မှတ်ရေးထိုးဖို့ စီစဉ်ထားပြီး၊ လက်မှတ်ရေးထိုးပြီးတာနဲ့ချက်ချင်း ဟော်မုဇ်ရေလက်ကြားကို လူတိုင်း ဖြတ်သန်းသွားလာနိုင်အောင် ဖွင့်လှစ်ပေးသွားမှာဖြစ်ပါတယ်” လို့ ထရမ့်က စနေနေ့တွင် ရေးတင်ခဲ့ပါတယ်။ 

သဘောတူညီချက်အရ အီရန်နိုင်ငံအနေဖြင့် “ဝယ်ယူခြင်း၊ တီထွင်ဆန်းသစ်ခြင်း သို့မဟုတ် အခြားနည်းလမ်းတစ်ခုခုဖြင့် ရယူခြင်း” အပါအဝင် မည်သည့်နည်းလမ်းဖြင့်မဆို နျူကလီယားလက်နက် ပိုင်ဆိုင်ခွင့်ရရှိခြင်းကို တားဆီးပေးမှာ ဖြစ်ကြောင်းလည်း သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။ 

တီဟီရန်ဘက်ကမူ ၎င်းတို့၏ နျူကလီယားအစီအစဉ်သည် လုံးဝငြိမ်းချမ်းသော ရည်ရွယ်ချက်အတွက်သာ ဖြစ်ကြောင်း အခိုင်အမာဆိုကာ နျူကလီယားလက်နက်များ ထုတ်လုပ်ရန် ကြိုးပမ်းနေခြင်းမရှိကြောင်း အကြိမ်ကြိမ် ငြင်းဆိုထားပါတယ်။ 

အမေရိကန်အနေနဲ့ အီရန်ရဲ့ ရပိုင်ခွင့်ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ဆို့ထားတာကို ပြန်လည်ဖွင့်ပေးမှာ မဟုတ်ကြောင်း သွယ်ဝိုက်သောအားဖြင့် ရည်ညွှန်းလျက် “မည်သည့်ငွေကြေးမှ လက်ပြောင်းလက်လွှဲ ပြုလုပ်မည်မဟုတ်ပါ” လို့ ထရမ့်က ပြောကြားခဲ့ပါတယ်။ “သင့်တော်မည့်အချိန်တွင်” အမေရိကန်သည် အီရန်၌ဖြစ်စေ၊ အမေရိကန်၌ဖြစ်စေ “နျူကလီယား သန့်စင်မှုကို လျှော့ချပြီး ဖျက်ဆီးပစ်ရန်” အတွက် အီရန်ရဲ့ သန့်စင်ပြီးယူရေနီယံ သိုလှောင်မှုများကို လွှဲပြောင်းရယူသွားမှာဖြစ်ကြောင်းလည်း ဆိုပါတယ်။ 

ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်ကလည်း သဘောတူညီချက် အပြီးသတ်နိုင်ရေးကို “လာမည့် ၂၄ နာရီအတွင်း မျှော်လင့်နိုင်ခြေရှိသည်” လို့ စနေနေ့တွင် ပြောကြားခဲ့ပေမဲ့ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အစ်မေးလ် ဘာဂါအီက သဘောတူညီချက် လက်မှတ်ရေးထိုးခြင်းသည် “မနက်ဖြန်တွင် ဖြစ်လာလိမ့်မည်မဟုတ်ကြောင်း” စနေနေ့ အစောပိုင်းမှာပဲ ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)