ဇွန်- ၁၄ ( တနင်္ဂနွေနေ့ )
ဆူဒန်နိုင်ငံသား ဒုက္ခသည်လျှောက်ထားသူတစ်ဦး ပါဝင်ပတ်သက်နေတယ်လို့ ယူဆရတဲ့ ဓားထိုးမှုတစ်ခုကြောင့် တင်းမာမှုများ မြင့်တက်နေစဉ်အတွင်း စကော့တလန်နိုင်ငံ၊ ဂလပ်စ်ဂိုမြို့ရှိ ဆန္ဒပြပွဲများ၌ ရွေ့ပြောင်း ဆန့်ကျင်သူများအဖွဲ့ နဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်သူ ဆန္ဒပြသူအဖွဲ့တွေကြောင့် ရဲတပ်ဖွဲ့ နဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြပါတယ်။
စနေနေ့တွင် "Stand Up to Racism" အမည်ရှိ အစိုးရမဟုတ်သောအဖွဲ့အစည်း (NGO) က ဂလပ်စ်ဂိုမြို့လယ်တွင် လူထုစည်းဝေးပွဲတစ်ခု ပြုလုပ်ခဲ့ပြီး “လမ်းမတွေကို လက်ယာစွန်းရောက်တွေ လက်ထဲကနေ ပြန်လည်သိမ်းပိုက်ကြဖို့” စီစဉ်သူများက ထောက်ခံသူများကို တိုက်တွန်းခဲ့ကြပါတယ်။ အခြားဆန္ဒပြသမားတွေက စကော့တလန်နှင့် ပါလက်စတိုင်းအလံများကို ကိုင်ဆောင်ကာ “ဒုက္ခသည်တွေကို ဒီမှာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်” လို့ ကြွေးကြော်ခဲ့ကြကြောင်း The Herald သတင်းစာအရ သိရပါတယ်။
အဆိုပါပွဲသို့ တစ်ဖက်မှ ဆန့်ကျင်ဆန္ဒပြသူ ၇၀ ခန့် ရောက်ရှိလာခဲ့ပြီး ၎င်းတို့အနက် အများစုမှာ အနက်ရောင် ဝတ်စုံများကို ဝတ်ဆင်ကာ မျက်နှာဖုံးများ စွပ်ထားကြပါတယ်။ ရဲတပ်ဖွဲ့က ဆန္ဒပြပွဲဝင် ပြိုင်ဘက်အုပ်စုနှစ်စုကို တစ်ဖက်နှင့်တစ်ဖက် မထိတွေ့မိစေရန် တားဆီးရန် ကြိုးပမ်းစဉ်အတွင်း ရွှေ့ပြောင်း ဆန့်ကျင်သူ ဆန္ဒပြသူအချို့က ကာရံထားသော အတားအဆီးများကို တွန်းဖယ်ကာ ရဲတပ်ဖွဲ့ဝင်များကိုပါ အတင်းတွန်းထိုးခဲ့ကြပါတယ်။ အဲ့ဒိလိုပဲ ဆန့်ကျင်ဘက်အုပ်စုမှ အချို့သူများသည်လည်း နှစ်ဖက်ခွဲခြားထားသည့် လုံခြုံရေးစည်းကို ဖောက်ထွက်ရန် ကြိုးပမ်းရင်း ရဲတပ်ဖွဲ့ကို အတင်းတွန်းတိုးခဲ့ကြပါတယ်။
အမျိုးသားတစ်ဦးကို ရဲတပ်ဖွဲ့ဝင်တစ်ဦးအား ခြိမ်းခြောက်မှုဖြင့် ဖမ်းဆီးခဲ့ပြီး၊ အခြားရဲတပ်ဖွဲ့ဝင်တစ်ဦးမှာမူ ရုန်းရင်းဆန်ခတ်ဖြစ်ပွားစဉ်အတွင်း ပစ်ပေါက်လိုက်သည့် ကြက်ဥတစ်လုံး ထိမှန်ခဲ့ကြောင်း စကော့တလန်ရဲတပ်ဖွဲ့ က ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “အစီရင်ခံတိုင်ကြားထားတဲ့ လူမျိုးရေး/ဘာသာရေး အမုန်းပွားမှု ဆိုင်ရာ ပြစ်မှု အတော်များများကို အခုအခါ ဆက်လက်စုံစမ်းစစ်ဆေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
မြောက်အိုင်ယာလန်နိုင်ငံ၊ ဘဲလ်ဖတ်စ်မြို့တွင်လည်း တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ ဓားထိုးမှုတစ်ခုအပြီး ပေါ်ပေါက်လာသော ဆူပူအုံကြွမှုများကို ပြစ်တင်ရှုတ်ချရန် လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့တာပါ။ လမ်းမပေါ်တွင် အမျိုးသားတစ်ဦးကို တိုက်ခိုက်ခဲ့ပြီး ၎င်း၏မျက်လုံးတစ်ဖက် ကွယ်လုနီးပါးဖြစ်အောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုကာ ဆူဒန်နိုင်ငံသား ဒုက္ခသည်လျှောက်ထားသူတစ်ဦးကို တရားစွဲဆိုထားပါတယ်။
REF: RT
#MNP #News

No comments:
Post a Comment