ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမကြီးများအား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ၊ ဆရာမကြီးများအား လက်ခံတွေ့ဆုံ


နေပြည်တော်၊ ဇွန် ၁၂

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီသည် နေပြည်တော်စာပေဝိုင်း၏ နာယကအဖွဲ့ဝင် စာရေးဆရာ ဦးကြည်သိန်း (ကဖိုးကျင်) ဦးဆောင်သည့် စာရေးဆရာ၊ ဆရာမကြီးများအား ယမန်နေ့က ပြည်သူ့လွှတ်တော်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အစည်းအဝေးကျင်းပနေမှု၊ လွှတ်တော်ကိုယ်စားလှယ်များ၏ နေ့စဉ်လှုပ်ရှားမှုများကို ပြည်သူများပိုမိုသိရှိနိုင်စေရန် ဆောင်ရွက်နေမှု၊ ဥပဒေပြုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး စာရေးဆရာ၊ ဆရာမကြီးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။

တွေ့ဆုံပွဲသို့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်း နှင့် ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)