ငြိမ်းချမ်းရေးသဘောတူညီမှုတွေ ရနေပြီလို့ ထရမ့်ရဲ့ စကားကို အီရန်ဘက်ကငြင်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ငြိမ်းချမ်းရေးသဘောတူညီမှုတွေ ရနေပြီလို့ ထရမ့်ရဲ့ စကားကို အီရန်ဘက်ကငြင်း


ဇွန် - ၁၂ ( သောကြာနေ့ ) 

အီရန်ခေါင်းဆောင်ပိုင်းက ပဏာမ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခုကို အတည်ပြုပေးခဲ့တယ်ဆိုတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကို အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စမေးလ် ဘာဂါဟီ က ငြင်းဆိုလိုက်ပါတယ်။ 

အမေရိကန်နဲ့ အီရန်တို့က ဧပြီလအတွင်း အပစ်အခတ်ရပ်စဲရေး ကြေညာပြီးနောက်ပိုင်း ဒီအပတ်ထဲမှာ အကြီးမားဆုံး တင်းမာမှု မြင့်တက်လာခဲ့ကာ နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်၊ အီရန်အပေါ် ထပ်မံလုပ်ဆောင်ရန် “စီစဉ်ထားတဲ့” တိုက်ခိုက်မှုများကို ပြန်လည်ဖျက်သိမ်းခဲ့ကြောင်းကို သမ္မတ ထရမ့်က ပြောကြားခဲ့ပါတယ်။ 

ထရမ့်က အီရန်နဲ့လုပ်မဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်ကို သီတင်းပတ်ကုန်ရက်အတွင်း ဥရောပတွင် အစောဆုံး လက်မှတ်ရေးထိုးနိုင်ဖွယ် ရှိကြောင်းနဲ့ အီရန်ရဲ့ အဓိကခေါင်းဆောင်ကြီး မိုဂျတာဘာ ခါမေနီ ကလည်း သဘောတူညီချက် စည်းကမ်းချက်များကို အတည်ပြုခဲ့ကြောင်း ကြာသပတေးနေ့တွင် ထရမ့်က ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ တုံ့ပြန်မှု ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ 

ကြာသပတေးနေ့တွင် အီရန်မီဒီယာများသို့ ပြောကြားရာ၌ ဘာဂါဟီက လတ်တလောထွက်ပေါ်နေသော သတင်းများသည် "မှန်းဆချက်များ" သာဖြစ်ကြောင်း ဖော်ပြခဲ့ပြီး "သက်ဆိုင်ရာ အာဏာပိုင်များအနေဖြင့် စာသားပါ အသေးစိတ်အချက်အလက်တိုင်းကို သေချာပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း" ထည့်သွင်းပြောကြားခဲ့ပါတယ်။ 

"စာသားရဲ့ အဓိကအပိုင်းအတော်များများကတော့ အပြီးသတ်လုနီးပါး ဖြစ်နေပါပြီ။ ပြဿနာကတော့ အမေရိကန်ပြည်ထောင်စုရဲ့ ရှေ့နောက်မညီတဲ့ ရပ်တည်ချက်တွေဟာ ဒီလုပ်ငန်းစဉ်အတွင်းမှာ အမြဲတမ်း မတည်ငြိမ်မှုတွေနဲ့ အနှောင့်အယှက်တွေကို ဖြစ်ပေါ်စေတာပါပဲ" လို့ ဘာဂါဟီက ပြောကြားခဲ့ပါတယ်။ ထို့အပြင် အီရန်နိုင်ငံအနေဖြင့် "၎င်းတို့၏ လုံးဝအလျှော့မပေးနိုင်သည့် အနီရောင်စည်းများ" နဲ့ ပတ်သက်ပြီး ဘယ်တော့မှ အပေးအယူလုပ်မှာမဟုတ်ကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့ပါတယ်။ 


REF: RT

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)