အောင်လံ၊ ဇွန် ၂၂
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်တွင် ဆုတောင်းပြည့်ရွှေပြောင်ပြောင် စေတီတော်မြတ်ကြီးအား စိန်ဖူးတော်၊ ငှက်မြတ်နားတော်အသစ်နှင့် လုံးတော်ပြည့်ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ပြီးစီးခြင်း အထိမ်းအမှတ် ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲနှင့် စုပေါင်းရေစက်ချပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တရော်ကုန်းရပ်ကွက်၊ လမ်းမတော်လမ်းရှိ ဆုတောင်းပြည့်ရွှေပြောင်ပြောင် စေတီတော်မြတ်ကြီးနှင့်အရံစေတီတော်များ၊ ဗြဟ္မစိုရ်နာမ်ပြေ ရုပ်ပွားဆင်းတုတော်မြတ်များအား ပင့်ဖိတ်ထားသော ပင့်သံဃာဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်တော်မူကြသည်။
ထို့နောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ အောင်လံမြို့နယ် မဟာသံဃနာယက (ဥက္ကဋ္ဌ) ဆရာတော် ဘဒ္ဒန္တဇောတိက၊ ရွှေပေါက်ပင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဉာဏဘာသ၊ မြတ်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီရိ၊ ဆားတည်းအဆင့်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တတိတ္တဉာဏ၊ သာသနာ့ဗိမာန်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဝိသုတ၊ တာဝတိံသာကျောင်းတိုက်ဆရာတော် ဦးဝိသုတ စသည့် ပင့်သံဃာဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်တော်မူကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ စုစုပေါင်းအင်အား (၂၅၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။အခမ်းအနားတွင် မြို့နယ်သံဃာနာယက ဆရာတော် ဥူးဇောတိကမှဗုဒ္ဓဘိသေကအနေကဇာတင်တရားဟောကြားခြင်း၊ ဆားတည်း အုဋ်ကျောင်းတိုက်ဆရာတော် ဥူးတိတ္ခဉာဏမှ ငါးပါးသီလပေးခြင်းများဆောင်ရွက်ခဲ့ပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြပြီး၊ တက်ရောက်လာကြသော ဧည့်သည်တော်များအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းခဲ့ကြောင်း သိရသည်။
အာကာ
#MNP #News

No comments:
Post a Comment