ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဇွန်တောင်မြို့နယ် အမှတ်(၁)ရပ်ကွက်နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Pfizer LP.8.1 ထိုးနှံပေး



ပုဇွန်တောင်၊ ဇွန် ၂၂

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါထပ်ဆောင်းကာကွယ်ဆေးကို မြို့နယ်အတွင်း သတ်မှတ်အုပ်စု အလိုက် ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)ရပ်ကွက်၊ ၅၁ လမ်းရှိ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး Pfizer LP.8.1   ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာနန်းလှထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက  အမှတ်(၁) ရပ်ကွက်အတွင်း ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း  (Booster Dose) အဖြစ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး Pfizer LP.8.1 ကို ထိုးနှံပေးခဲ့သည်။

အဆိုပါဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ခေတ္တ ဥက္ကဋ္ဌ ဦးကျော် စွာဝင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူနှင့်ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမှတ်(၁)ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့်ရာ/ဆယ်မှူးများ၊ ရပ်မိရပ်ဖများ ပါဝင်သည့်အဖွဲ့မှ လိုအပ်သည်များ ပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


ဟန်စုယဉ်

#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)