နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရပြု တွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ လာရောက်ဂါရပြု တွေ့ဆုံ



နေပြည်တော်၊ ဇွန် - ၂၂

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံ ဘင်းမ်စတက် အတွင်းရေးမှူးချုပ် H.E. Mr. Indra Mani Pandey ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ က ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

မြန်မာနိုင်ငံအနေဖြင့် ဘင်းမ်စတက်အဖွဲ့တွင် မူလအဖွဲ့ဝင်နိုင်ငံတစ်ခုအဖြစ် ပါဝင်ခဲ့ခြင်းဖြစ်ပြီး၊ ဘင်းမ်စတက်အဖွဲ့ကြီးကို စတင်ဖွဲစည်းခဲ့သည်မှာ လာမည့်နှစ်တွင် နှစ် ၃၀ ပြည့်မြောက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့်  ဘင်းမ်စတက် စတင်ဖွဲစည်းသည့် နှစ်မှ စ၍ နှစ် ၃၀ ပြည့်နှစ်တွင် အတွင်းရေးမှူးချုပ်တာဝန်အား  လွှဲပြောင်းရယူ ထမ်းဆောင်ရမည် ဖြစ်သည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)