တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကျင်းပ


မုံရွာ၊ ဇွန် ၂၂

တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ဇွန်လ ၂၂ ရက်က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင့်လှိုင်မြင့်က တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာကာ အစည်းအဝေးတက်ရောက်မှု အခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် လွှတ်တော်ကိုယ်စားလှယ်ခြောက်ဦးက ကြယ်ပွင့်ပြမေးခွန်းရှစ်ခုကို မေးမြန်းကြရာ သက်ဆိုင်ရာတိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်ဝန်ကြီးများက ဖြေကြားကြသည်။

ဆက်လက်ပြီး ခန္တီးမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ် (၁) ဦးမြတ်ကို၏ အစည်းအဝေး အဋ္ဌမနေ့ (၁၆-၆-၂၀၂၆) ရက်နေ့တွင် မေးမြန်းခဲ့သော ခန္တီးမြို့နယ်အတွင်း ကျောင်းများတွင် ပညာရေးကဏ္ဍ မြှင့်တင်နိုင်ရေးအတွက် ကျောင်းဖွင့်ချိန်အမီ ဆရာ/ ဆရာမများ ခန့်ထားပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ မေးခွန်းအပေါ် လူမှုရေးရာဝန်ကြီး ဦးညွန့်ဝင်းအောင်ကလည်းကောင်း၊ ကလေးမြို့နယ်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးမင်းဇော် မေးမြန်းခဲ့သော ကလေးမြို့ ညောင်ပင်သာရပ်ကွက်နှင့် မင်္ဂလာ့ယာဉ်ရပ်ကွက်၊ နယ်မြေ(၁)ရှိ ၂၀၁၈ ခုနှစ်ကတည်ဆောက်ထားသည့် ဥပုဒ်ချောင်းကူး (၇၁ ပေ ၁၂ ပေ)ရှိ သစ်သားတံတားမှာ အန္တရာယ်များလှသောကြောင့် ၎င်းတံတားအားဖျက်သိမ်းပြီး ဘေလီသစ်သား တံတား သို့မဟုတ် သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းအပေါ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာ သောင်းနိုင်တို့ကမှ ထပ်မံရှင်းလင်းဖြေကြားပေးခဲ့သည်။

ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ပညာရေး၊ ကျန်းမာရေး အားကစားနှင့်ယဥ်ကျေးမှုဆိုင်ရာ ကော်မတီဖွဲ့စည်းမှုနှင့်ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် သက်တမ်းတို့ကို လွှတ်တော်၏အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူသည့်အတွက် အဆိုပါ ပညာရေး၊ ကျန်းမာရေး၊ အားကစားနှင့်ယဉ်ကျေးမှုဆိုင်ရာကော်မတီဥက္ကဋ္ဌအဖြစ် အရာတော်မြို့နယ်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးတင်ဝင်း၊ အတွင်းရေးမှူး (၁) အဖြစ် ခန္တီးမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ်(၂) ဦးအောင်နိုင်သူ အတွင်းရေးမှူး (၂) အဖြစ် ကလေးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးမင်းဆွေနှင့် အဖွဲ့ဝင် (၈) ဦးတို့အပါအဝင် စုစုပေါင်းအမည်စာရင်း (၁၁) ဦးတို့ဖြင့် ဖွဲ့စည်းကြောင်း ကြေညာသည်။

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး (၁၂) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယပုံမှန်အစည်းအဝေး အောင်မြင်စွာ ပြီးမြောက်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)