တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့) ကျင်းပ





ထားဝယ်၊ ဇွန် ၂၂

တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို ယနေ့နံနက် ၁၀ နာရီက  ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(၁၈)ဦး၊ ကရင်တိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်(၁)ဦး၊ တပ်မတော်သားတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၇)ဦး၊ စုစုပေါင်း(၂၆)ဦးနှင့် လွှတ်တော်ဥက္ကဋ္ဌက ဖိတ်ကြား၍ တက်ရောက်သည့် တိုင်းဒေသကြီးဝန်ကြီး (၁)ဦး၊ လေ့လာသူ (၃)ဦးမီဒီယာ(၃) ဦးတို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားမှူးအဖြစ် ဦးကျော်စိုးမိုးထွန်း၊ ညွှန်ကြားရေးမှူး၊ လွှတ်တော်ရုံး ဝန်ထမ်းအကြီးအမှူးက ဆောင်ရွက်သည်။

အစည်းအဝေးတွင် တက်ရောက်ခွင့်ရှိသည့် လွှတ်တော်ကိုယ်စားလှယ် (၂၈) ဦးရှိသည့်အနက် (၂၆)ဦး တက်ရောက်ခဲ့သဖြင့် (၉၂.၈၆) ရာခိုင်နှုန်းရှိပြီး တက်ရောက်သည့် ကိုယ်စားလှယ်ဦးရေသည် အစည်းအဝေးအထမြောက်ရန် လိုအပ်သော ကိုယ်စားလှယ်ဦးရေ သုံးပုံတစ်ပုံထက်ကျော်လွန်သည့်အတွက် တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) အထ မြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး (တတိယနေ့) တက်ရောက်မှုကို မှတ်တမ်းတင်ခြင်း၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကတိသစ္စာပြုခြင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုထားသော ကြယ်ပွင့်ပြမေးခွန်း (၁၀)ခုကို တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ဖြေကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်တတိယအကြိမ် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ဒုတိယပုံမှန်အစည်းအဝေး(တတိယနေ့)ကို နံနက် ၁၁ နာရီ ၈ မိနစ် အချိန်တွင် ပြီးစီးပြီး တတိယအကြိမ်တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ကို ၂၀၂၆ ခုနှစ်၊ဇွန်လ ၂၃ ရက် (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


#MNP #News

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)